ST-37

1.5K 76 18
                                    

Unicode

"မေမေ ကြည့်လိုက်ပါဦး"

စားပွဲပေါ်တင်ပေးလာသော စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ ပုံ ဘာတွေလုပ်လာပြန်တာလဲ။

"တိမ်ပန်းချီမှိုင်းနှင့် ဇေယန္တရာထူးခန့်
သွေးသားတော်စပ်မှု 99.99%"

မေပန်းချီ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ သားသမီးတွေက မိဘတွေထက်လက်စောင်းထက်ကြသည်ပဲ။မိမိအနှစ်နှစ်အလလက ဖုံးကွယ်လာခဲ့တဲ့ ဇတ်လမ်းအရှည်ကြီးကို စာရွက်လေးတရွက်နဲ့ ဖော်ထုတ်သွားတာ....။

"တောင်းပန်လိုက်ပါမေမေ အစ်မတယောက်အနေနဲ့ရော မိခင်တယောက်အနေနဲ့ရော"

"ဘာလို့တောင်းပန်ရမလဲ ငါကငါ့ရဲ့သွေးသားကိုတောင်စွန့်ပြီး သူ့ကလေးကိုစောင့်ရှောက်ခဲ့တာပါ ၊ ချစ်သူက စွန့်ပစ်သွားလို့ ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တဲ့ မောင်လေးကို လူ့ပတ်ဝန်းကျင်က ဘယ်လိုတွေပြောကြမလဲ သူဘယ်လိုရင်ဆိုင်မှာလဲ ၊ အစ်မတယောက်အနေနဲ့ ငါဒီလိုမှမလုပ်ရင် နင်တို့လေးမှိုင်းက ဒီအချိန်ထိ အသက်ရှင်မနေဘူး"

"ဒါပေမဲ့မေမေရယ် ခုလိုလုပ်တော့ရော သူခံစားခဲ့ရတာပဲလေ"

"သမီးပုံ.... ရီးစားပစ်သွားလို့ ဘဝပျက်မတတ်ဖြစ်နေတဲ့ မောင်ကို လူတွေကဲ့ရဲ့ တာမခံနိုင်ဘူး၊နောက်ပြီး မျိုးတူစုံတွဲကိုလည်း မေမေ အသိအမှတ်မပြုနိုင်ဘူး"

မေမေက သိပ်ကို ခေါင်းမာတတ်သည့် အမျိုးသမီးပါ။ခုထိ သူ့အမှားကို ဝန်မခံသေး။

"ဒါဆို မေမေမွေးတဲ့ ကလေးကရော"

"အေးငြိမ်းရာကို ပို့ပေးလိုက်တယ်"

ပုံ ဆေးရုံက ပြန်လာပြီးကထဲက ဒီကိစ္စကို သေချာစုံစမ်းခဲ့သည်။မေးရင် စကားလွှဲတတ်တဲ့ မေမေကြောင့် ပုံဘာသာပဲ စုံစမ်းခဲ့တာ။ လေးမှိုင်းနဲ့ လုံးလုံးကို DNA စစ်ကြည့်ပြီး result ချပြမှ မေမေ့ဆီက ခုလိုစကားတွေ ထွက်လာတာ။

ပုံ စိတ်ညစ်ညစ်နှင့် လမ်းလျှောက်ထွက်ခဲ့သည်။ညလေပြေက အေးစိမ့်နေသည်။မိုးဦးကာလမို့ မိုးစက်လေးတွေကလည်း တဖြောက်ဖြောက် ။ ပုံ့ ဘဝတစ်လျှောက်လုံး မိသားစုအတွက်သာ ​စဥ်းစားပေးခဲ့သည်။ ချစ်ရသူကို ငေးကြည့်ရုံနဲ့ ကျေနပ်ခဲ့ရတာ။ အိမ်ထောင်ကျပြန်တော့လည်း ခင်ပွန်းသည်က ဂရုမစိုက်။ ပုံတကယ်အထီးကျန်လှသည်။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now