ST-33

1.3K 75 64
                                    


Unicode

ယန္တရာ ခုတလော ရင်ဘတ်အောင့်တာက ရက်စိပ်လာ၍ မမကြီးဆီ အကျိုးအကြောင်းပြောပြရန် ထွက်ခဲ့သည်။ ဃဃလေးကိုတော့ မှော်ဘီသွားမည်ဟု ညာခဲ့သည်။ မိမိကို မိသားစုနှင့် အဆက်သွယ် ဖြတ်ခိုင်းထားသဖြင့် ခုလိုတွေ့မှန်းသာ သိရင် စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး ပြောမှာ။ အဲ့လိုဆို Game ကလည်းပြီးဆုံးသွားပြီလေ။ ဒါဆို ယန္တရာက သူ့အလိုလိုရှုံးနိမ့်သူ ဖြစ်သွားမည်။ ကတိအတိုင်း ဃဃလေးနှင့် ထာဝရ ခွဲခွါရမည်။ ဒီလိုမျိုးတော့ လုံးဝအဖြစ်မခံနိုင်။

** ဒီလိမ်ညာ​ခြင်း က မောင့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး လိမ်ညာခြင်းပါ**

"လာပြီလား မမကြီးပြောနေတာ ကြာနေပြီ ခုမှပဲ လာတော့တယ်"

"ဟုတ် သားအလုပ်ရှုတ်နေလို့ပါ "

"မိတ်ဆက်ပေးမလို့ ခေါ်လိုက်တာပါ သားရဲ့... ဒါက ဒေါက်တာ ရိပ်ပြာရောင်တဲ့ ဒီဘက်က ဒေါက်တာရဲ့အမည်က အာကာတဲ့ နှစ်ယောက်လုံးက နှလုံးအထူးကုတွေလေ ၊ ဒေါက်တာတို့ ဒါကျမရဲ့ မောင်လေး ယန္တရာပါ"

"တွေ့ရတာဝမ်းသာပါတယ် ကိုယန္တရာ"

"ဟုတ်ကဲ့ပါဗျ"

"ကဲ မမကြီးတို့ စပြီး စစ်စရာရှိတာ စစ်ကြည့်ဦးမယ် မမကြီးက စိတ်ပူလို့ စစ်​ ကြည့် ခိုင်းတာနော်"

"သားနားလည်ပါတယ်"

ယန္တရာလည်း နှစ်နာရီကျော်ကြာ အောင် ဆေးစစ် လိုက်ရသည်။ ဆီး၊ သွေး ၊ နှလုံး ၊ အသည်း၊ ကျောက်ကပ် စသည့်ရှိရှိသမျှ ခန္ဓာကိုယ်အတွင်းပိုင်း ကိုစစ်ဆေးခဲ့ရသည်။

"results ကတော့ နောက်တပတ်ထဲမှာ ရပါလိမ့်မယ် ခုလောလောဆယ်တော့ ကျွန်တော်တို့ စိတ်ထင့်နေတာလေးရှိလို့ ဒီဆေးလေးတွေကို သောက်ပေးပါ အများကြီးတွေးမနေပါနဲ့ လိုရမယ်ရပေးလိုက်တဲ့ဆေးတွေမို့ပါ "

"ဟုတ်ကဲ့ ကျွန်တော် ခုတေလာ ရင်ဘတ်က ခဏခဏအောင့်နေတယ်ဆရာ အဲ့ဒါဘာဖြစ်တာလဲ"

"ကြိုပြောလို့ မရသေးတဲ့အခြေနေပါ ဒါပေမဲ့ ခင်ဗျားဂရုစိုက်ဖြစ် အောင်တော့ ပြောလိုက်ပါ့မယ်၊ ခုလို Angina ဖြစ်တာက နှလုံးနဲ့ဆိုင်တယ်လေ။ Heart-disease ဖြစ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဆိုပါတော့ အဲ့ဒါကြောင့် ကျွန်တော်ပေးတဲ့ ဆေးတွေကို သောက်ပေးပါ နောက်ပြီး ခုရက်ပိုင်း ပင်ပန်းတဲ့အလုပ် ဘာမှမလုပ်ပါနဲ့ လမ်းလျှောက်တာတောင် ပုံမှန်လောက်ပဲလျှောက်ပါ၊ အရမ်းမပြေးနဲ့ ၊အမောမခံပါနဲ့၊အခု ကျွန်တော်တို့ ပြောတာ တွေ ကအရေးကြီးပါတယ်နော် သတိထားပေးပါ"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now