ST-3

4.2K 214 9
                                    


Unicode

ဒီနေ့ လုံးလုံး KGစတက်ရမှာမို့ မား လာမနှိုးခင်ထဲကထပြီး ရေချိုးမျက်နှာသစ် လုပ်စရာရှိတာလုပ်ထားလိုက်သည်။

ခုချိန်ဆို မားနှင့်မမကြီးကမနက်စာအတွက် ပြင်ဆင်နေလောက်ပြီ ။မမလေးကတော့ ဘေးနားကစကားများပြီး ဟိုတလုတ် ဒီတလုတ် နှိုက်စားနေမှာ အသေအချာ။ မားရဲ့ဆုံးမသံနဲ့ အတူ ထမင်းစားခန်းလေးကအသက်ဝင်နေလောက်ပြီ။
-
ဒေါ်မေပန်းချီ သားငယ်အကြိုက်မုန့်ဟင်းခါး ပြင်နေရင်းမှ အမြင်မတော်သောသမီးဖြစ်သူကို ဆုံးမရပြန်ပြန်သည်။

"မှုံပန်းချီထူးခန့် မေမေမွေးထားတာ သမီးလား သားလား ဟင် အိန္ဒြေရရနေစမ်း စကားများနေမဲ့အစား မောင်လေးကိုသွားနှိုး သွား....."

မှုံ က ခုံပေါ်ကခုန်ဆင်းလိုက်ပြီး ပါးစပ်ကလည်းပွစိပွစိနဲ့ မကြားနိုင်သောစကားတွေပြောကာ အပေါ်ထပ်သို့ ပြေးလွှားတက်သွားတော့သည်။

ထိုအဖြစ်ပျက်ကိုအစအဆုံး​မြင်နေရသော ပုံလည်း မနေသာတော့။မေမေထင်သလို မှုံလေးက မိန်းခလေးမဆန်တာတော့မဟုတ်ဘူးလေ။

"မေမေရယ် မှုံက သွက်လက်ပြီးတက်ကြွတာပါ ​မေမေရဲ့ အရမ်းမဆူပါနဲ့သူလည်း လုံးလုံးလေးမရခင်က အငယ်ဆုံးပဲလေ..."

သမီးစကားကြောင့်ဒေါ်မေပန်းချီလဲ ခေါင်းသာငြိမ့်ပြလိုက်သည်။ဟုတ်ပါတယ်လေ။ မှုံနဲ့ပုံ ကအမြွှာတွေဆိုပေမဲ့ ဆီနဲ့ရေလို။ မှုံကသွက်သွက်လက်လက်ရှိပြီး ဆတ်စလူးထသလောက် ပုံကရိုးပြီး ခပ်အေးအေးရယ် ။အဲ့တော့နှစ်ဖက် အဖိုးအဖွားတွေက မှုံဆို သဲသဲလှုပ် မှုံက အရပ်ရှည်ရှည် နဲ့ အချိုးအဆစ်ကMissတယောက်ပမာ။ ဘိုမရုပ်လေးလို ။တကယ့်ကိုလှရက်တဲ့သူပါလေ။ ကျမနဲ့တူတာဖြစ်မည်။ ​ပုံကမလှသည်တော့မဟုတ် အသားလေးဝင်းနေပြီး ရိုးရိုးယဥ်ယဥ်လေး ပါ။ အနေအေးတာက သူ့အဖေနဲ့တူတာပေါ့။

ခုဆိုသူတို့ အထက်တန်းအောင်လို့ ပုံ ဆိုဆေးတက္ကသိုလ်ပထမနှစ်တက်နေလေပြီ မှုံကတော့ UFL(france) တက်ရင်း ဝါသနာပါတဲ့Modelလည်း လုပ်နေသည်။

သားငယ်လေးကတော့အခုKGပေါ့ မောင်နှမတွေ ၁၂နှစ်ကျော်လောက်ကွာသည်။လုံးလုံးကိုတော့ အသက်ကြီးမှရတော့ ပိုဂရုစိုက်ရသည်။ ဒါမဲ့သားက အရွယ်နဲ့မလိုက်အောင် ထွားတယ် အရပ်ရှည်တယ် အသားကတော့ ဖြူတဲ့ဘက်မရောက်ပဲ ဝင်းဝင်းလေးနဲ့လူချောလေးပေါ့။ ကြီးရင်တော့ရုပ်ပြောင်းမလားမသိ.....။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now