ST-25

1.3K 82 67
                                    


Unicode

မကြာမှီ ကုန်ဆုံးတော့မည့်ဆောင်းရာသီက ဒီနေ့မှ ပိုအေးနေသလို မဟာအိပ်ယာထဲမှမထချင်လောက်အောင် ဖြစ်နေသည်။ သို့ပေမဲ့ ဟိုကောင်လေးကို အလည်အပတ် လိုက်ပို့ရမည်မို့ မထချင်လည်းထရဦးမည်။ယန္တရာဆိုတဲ့ ဒီကောင်လေးကို မဟာကြည့်မရပေမဲ့ အတူနေတာကြာလို့လားမသိ သံယောဇဥ်လေးတော့ ရှိပါသည်။

ဒီကောင်လေး မဟာတို့အိမ်စရောက်ထဲက မဟာနဲ့မတည့်ပေမဲ့ အမြဲတမ်းလိုလို အနားမှာရှိနေတတ်သည်။ဘယ်လောက်ဆူဆူ ဘေးနားကမခွာ။

မဟာကိုလည်း ဆေးရုံအသွားအပြန်လိုက်ပို့ ၊ ဆေးရုံက ဆရာဝန်ကြီးကလည်းသူနဲ့သိသူမို့ မဟာ့ဆေးရုံဝန်းက လည်း သူ့အိမ်သူ့ယာလို၊ ဆေးရုံ ကန်တင်းက ထမင်းပိုစားကောင်းတယ်ဟု ဆိုကာ တပတ်မှာ ၅ ရက်လောက်လာစားသည်။ ကိုယ်နဲ့သာ အပြောအဆို ပုံမလာတာ ဆေးရုံက ဆရာမလေးတွေဆို သူ့ကိုစကားပြောကောင်းသည်၊ ယဥ်ကျေးသည်ဟု ပြောသံပြန်ကြားရသည်။ မဟာ ဆေးရုံကိစ္စနဲ့ ပရဟိတလုပ်သည့် ဘယ်နေရာမဆို အကုန်လိုက်သည်။ အပြုအမူတွေကမှအစ အမြင်ကတ်စရာပေမဲ့ ပြောမရသဖြင့် တကူးတက မဆူမိတော့။

မဟာ နောက်တပတ်အတွင်း UK သွားရဖို့သေချာသလောက် ရှိနေပြီမို့ ဟိုကောင်လေးကို ပြင်ဦးလွင်လိုက်ပို့ဖို့ စီစဥ်ထားခြင်းပါ။ ဆေးရုံက ခွင့်တပတ် ပေးထားဖြင့် ဒီကောင်လေး ကံကောင်းသွားသည်ဟု ဆိုရမည်။

မဟာက လိုက်ပို့ချင် လွန်းလို့တော့မဟုတ်။ ကြီးမေနှင့်ဒယ်ဒီဆီက "သားဇေကို ဘယ်တော့လိုက်ပို့မှာလဲ"ဟု နေ့တိုင်းနီးပါးမေးနေသည်မို့ လိုက်ပို့ရခြင်းပါ။

မနက်လေးနာရီထဲက ထပြင်နေတဲ့ဒီကောင်လေး ခုထိမပြီး နိုင်။ ဘာတွေဒီလောက်ပြင်နေရသနည်း။ခုပဲ ငါးနာရီရှိနေပြီလေ။ဒီကောင်လေး ဘယ်လိုပြင်ပြင် မဟာ့ကိုမမှီနိုင် မဲတာက မဲတာပါပဲ။ ထွက်လာတော့လည်း ဘောင်းဘီတိုနဲ့ စွပ်ကျယ် အနက်တထည်သာ။ အမြင်ကတ်ကတ်နှင့် ရွဲ့ပစ်လိုက်သည်။

"ဟင် မင်းဒီပုံစံနဲ့ သွားမှာလား ငါအရူးတွေနဲ့ ခရီးအတူမသွားဘူး"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now