အပိုင်း-၅

2.9K 250 5
                                    

ရေချိုးပီးသည်နှင့်ပင်ပန်း၍အိပ်ပျော်နေသောမောင့်အားစောင်ခြုံပေးပီးအဲယားကွန်းလျှော့ကာ...ဆိုဖာ၌ထိုင်ပီးစာအုပ်ဖတ်နေတော့သည်..

ပိတ်ရက်ဖြစ်သောကြောင့်...ညနေစာအားလီဆာတို့မိသားစုစုံစုံလင်လင်စားမည်ဟုဆိုသောကြောင့်မီးဖိုချောင်ထဲတွင်ညစာအတွက်အလုပ်ရှုပ်နေကြသည်..

တစ်လတစ်ခါမိသားစုထမင်းလက်ဆုံစားမည်ဟူသောစည်းကမ်းချက်အားမစ္စတာမာနိုဘန်ကချမှတ်ထားသောကြောင့်....အိမ်တွင်လီဆာအစ်ကိုသုံးယောက်တို့ရောက်နေပြီဖြစ်သည်..

"မောင်...ထတော့လေ....၆နာရီခွဲတော့မယ်..မောင်.."

"အို.."

ရုတ်တရက်လက်ကောက်ဝတ်မှအဆွဲချခံရသောကြောင့်..ဂျဲန်းနီမှာလီဆာ့ရင်ခွင်ထဲရောက်သွားရသည်..

လှုပ်နိုးနေသောသေးသေးကွေးကွေးကိုယ်လေးကကိုယ့်ရင်ခွင်ထဲရောက်လာသည်နှ,င့်သင်းရနံ့ကမွှေးပျံ့ပျံ့..

"မောင်..နိုးရင်လဲထတော့နော်....လူကြီးတွေစောင့်နေရင်အားနာစရာကြီး..."

"မောင့်မိန်းမလေးကမောင့်နားမှာမအိပ်ဘဲနဲ့..ဘယ်တွေလျှောက်သွားနေတာလဲ.."

"ဒီမှာဘဲထိုင်ပီးစာအုပ်ဖတ်နေတာပါ..မောင်ရယ်.."

"နာနေသေးလားဟင်.."

တည့်တိုးမေးသည့်စကားကြောင့်ရှက်စိတ်တို့မွှန်ထူလာသည်ကြောင့်ရင်ခွင်ထဲမှရုန်းထွက်နေသောသူမအားတင်းတင်းကြပ်ကြပ်ဖက်ထားမိလေသည်..

"မိန်းမက..ရှက်တတ်တာလည်းလွန်ပါရောလားကွာ.."

"Honeyအရင်..ကူဖို့ဆင်းသွားမယ်..မောင်လိုက်ခဲ့နော်.."

ရှက်၍အခန်းထဲမှထွက်ပြေးသွားသောမိန်းကလေးအားကြည့်ကာအသဲယားစိတ်တို့ကတစ်ဖွားဖွား..
နူးညံ့မှုအပြည့်နှင့်ထိတွေ့ခဲ့သောအချိန်တို့အားးတွေးမိပြီး...နှုတ်ခမ်းမှာလခြမ်းကွေးသဖွယ်ပြုံးမိလိုက်သေးသည်..

မင်း..မောင့်ကိုပြုစားနိုင်လွန်းတယ်...

~~~

"ဘန်ဘန်...အလုပ်အဆင်ပြေလား..ဘယ်လိုလဲ.."

"အမလေး..မေးဖော်ရသေးတယ်နော်..ကိုလတ်တို့တော့..ဖုန်းလေးတစ်ချက်တောင်မဆက်ဘဲနဲ့များ.."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now