အပိုင်း-၁၉

3K 271 23
                                    

မှိုင်တွေနေသောမျက်ဝန်းတစ်စုံသည်အောက်ဆီဂျင်ပိုက်များနှင့်ပြည့်နှက်နေသောမိန်းကလေးထံသို့အကြည့်ပို့ထားသည်..
သူ၏လက်ချောင်းရှည်ရှည်များအား..သူမ၏လက်ဖြင့်ထိကပ်ကာအနွေးဓာတ်ပေးထားသည်...

"တကယ်အဆင်ပြေမှာပါ..မောင်စိတ်မပူနဲ့နော်.."

ကျမဘဝထဲကထွက်သွားဖို့ပြောရုံလေးပါ....ဘယ်လိုဖြစ်လို့..

တောင်းပန်ပါတယ်..ကျမမောင့်ကိုမနှင်ခဲ့သင့်တာ...

ကားတိုက်တာအရှိန်ပြင်းတာကြောင့်ရော..
ဦးနှောက်မှာသွေးခဲသွားတာကြောင့်ရော..မောင်ကရက်အကန့်အသန့်မရှိ..Comaဝင်နိုင်ချေများသည်တဲ့..

တကယ်အဆင်မပြေဘူး..မောင့်ကိုဒီလိုအခြေအနေနဲ့တွေ့ရတာ..

မောင့်ကိုဒီလိုဖြစ်အောင်လောက်တဲ့သူက..ကျမထက်မောင်ပိုချစ်တဲ့မိန်းကလေးတဲ့..
နည်းနည်းတော့ရယ်ရတယ်မလား...မောင်ကစွန့်ပစ်ခဲ့ပြီးလိုသုံးလုပ်ခဲ့တာကိုကျမကချစ်နေမိတုန်းဘဲ..

"ဂျဲန်းနီ..သမီးလဲပြန်ပြီးနားတော့နော်..အမေဆက်စောင့်လိုက်မယ်.."

မာနခေါင်ခိုက်နေသည့်လီဆာ့အမေသည်လည်းသီးဖြစ်သူ၏ထိုအခြေအနေကြောင့်..မာနမထားနိုင်တော့ချေ..ဂျဲန်းနီအားပြန်လည်တောင်းပန်ပြီး..ကောင်းကောင်းမွန်မွန်ချွေးမတစ်ယောက်လိုဆက်ဆံနေခဲ့သည်လေ....

"အမေ..သမီးဘဲမောင့်အနားနေပေးပါ့မယ်...အမေနေမကောင်းဘူးမလား..အိမ်ပြန်နားလိုက်ပါနော်.."

"ဂျဲန်းနီ.."

"သမီးအဆင်ပြေတယ်..အမေရဲ့.ဒါဆို...ရေသွားချိုးပြီးပြန်လာခဲ့မယ်...အမေခဏဘဲစောင့်ပေးနေနော်.."

သူမ၏သမီးအားဘယ်လောက်ထိချစ်ပေးခဲ့လဲ..သူမှားခဲ့တာအားတွေးပြီးနောင်တရ၍မဆုံးနိုင်ချေ..သူရွေးချယ်ခဲ့သည့်ချွေးမသာဆိုရင်..လူမမာတစ်ယောက်ကိုထိုသို့လွမ်းဆွတ်နေမည်တဲ့လား..ချစ်တယ်'လို့အမြဲပြောပြီး..သွေးအေးအေးနှင့်ကားတိုက်သတ်ဖို့ကြံခဲ့သည်မလား...

~~~

7 months later

"ဂျဲန်းနီ..အဆင်ပြေလား.."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now