အပိုင်း-၁၂

2.7K 234 18
                                    

"Honeyရေ..Honey.."

အိမ်သို့တမူးရူးထိုးပြေးဝင်လာရုံမက..
သူ့၏အမျိုးသမီးကိုပါတစာစာခေါ်နေတော့..ပြင်နေသည့်ဂျဲန်းနီသည်..အခန်းထဲမှအမြန်ပြေးထွက်လာခဲ့သည်..

5နာရီဘဲရှိ‌သေးတယ်..
မောင်ဒီနေ့စောလိုက်တာ'ဟုတွေးရင်းပေါ့..

"အာ..Honey....ဒီမှာလေ.."

"ဘာလဲဟင်.."

"မောင်..Seoulကဆေးရုံကိုပြောင်းရွှေ့ခွင့်တင်ထားတာလေ....ခွင့်ပြုချက်ကျလာပြီ.."

"ဟုတ်လား.."

"အင်း.."

မောင်သည်ထိုမြို့လေးကို..
သံယောဇဉ်တွယ်နေ၍ထိုမြို့တွင်ဆရာဝန်ဆက်လုပ်ချင်နေပေမဲ့...တစ်ဖက်တွင်လည်း..မိသားစုရှိသေးသည်ကြောင့်...
၅လပြည့်သည်နှင့်ရွှေ့ပြောင်းခွင့်စာတင်ထားပေမဲ့..အခု၉လပြည့်ခါနီးမှ..ခွင့်ပြုချက်စာကျလာခြင်းဖြစ်သည်..

မောင်တော့မိဘတွေနဲ့တစ်အိမ်တည်းပြန်နေရမှာမို့လို့ပျော်နေပေမဲ့..မောင့်အမေနဲ့ကျမအဆင်ပြေအောင်တော့ထပ်ကြိုးစားရအုန်းမည်လေ...

"ဒါမဲ့..Seoulကဆေးရုံအုပ်ကြီးကမောင့်ကိုအကူအညီတောင်းထားတာလေးရှိတယ်..အဲတာလုပ်ပြီးမှ..Seoulကိုပြန်ရမှာတဲ့.."

"ဘာလုပ်ရမှာလဲ.."

"LAကတက္ကသိုလ်တစ်ခုမှာစာတမ်းပြုစုဖို့သွားရမှာ..နှစ်ပတ်လောက်တော့ကြာမယ်ထင်တယ်..."

"LAမှာ..နှစ်ပတ်လောက်....
ဒါဆိုမောင့်ကိုနှစ်ပတ်မတွေ့တော့ဘူးပေါ့.."

ချက်ချင်းညိုးကြသွားသောမျက်နှာလေး..
ချစ်မွှေးလေးပါသည်ထင်ပါ့..အပြုအမူတိုင်းကကိုယ့်အတွက်..ရင်ခုန်စရာကောင်းနေတာ..

"တွေ့ရမှာပါ..မောင့်မိန်းမပါခေါ်သွားမှာပေါ့..
မောင်မှမခွဲနိုင်တာ.."

ဘေးတစောင်းလေးဖြင့်ဖက်ကာဆိုလာသည့်စကားကြောင့်အောက်နှုတ်ခမ်းလေးအသာကိုက်ကာအရှက်သည်းရပြန်သည်..

~~~

"ဘန်ဘန့်မိန်းမကိုမာမီ့နား..ထားခဲ့ပါလား..
မာမီအခုတလောနေမကောင်းဖြစ်တာနဲ့..
အိမ်ကMaidတွေနဲ့လည်းအဆင်မပြေပါဘူးလေ..ပြုစုစောင့်ရှောက်ပေးဖို့မာမီချွေးမလေးရှိတော့ကောင်းမှာ.."

So Far Away(ငြိတွယ်ခြင်း)[Complete]Waar verhalen tot leven komen. Ontdek het nu