အပိုင်း-၂၂

3.2K 344 33
                                    

ဂျယ်ဟီးကသူမအားခေါင်းပုတ်၍နှစ်သိမ့်ပေးရှာပါသည်..
ကလေးရှေ့တွင်တော့သူမမငိုချေ....

"မေမေ...သမီး...ယူဂျင်းနဲ့စာသွားလုပ်မယ်နော်..."

"အင်း..သွားလေ..."

အခန်းထဲရှိအယ်လာလေး...လွယ်အိတ်ယူပြီးထွက်သွားမှဂျဲန်းနီငိုမိသည်...

စားပွဲအောက်မှစက္ကူပုံးတွင်ထည့်ထားသည့်..
ဓာတ်ပုံများသည်...လွှင့်မပစ်ရက်ခဲ့သော..
မောင်နှင့်ရှိခဲ့သည့်အမှတ်တရများ...

ဘယ်လောက်အထိ..ဘယ်အတိုင်းအတာအထိ..မောင့်ကိုချစ်ခဲ့လဲမသိ...နာကျင်ခဲ့ရပေမဲ့...
အမှတ်မရှိသည့်နှလုံးသားသည်အခုန်မြန်တုန်း...

တကယ်...မောင့်ကိုကျမမမေ့နိုင်သေးဘူး...

~~~

"ဘာလဲဟ..."

ရုတ်တရက်အခုန်မြန်လာသည့်နှလုံးသားရှိရာဘက်သို့ဖိပြီး...မျက်ရည်ဝဲနေသည့်မျက်ဝန်းများအားအဖြေရှာနေသည့်သူမှာ...လီဆာပင်...

"အား.."

ကျောခိုင်းသွားသည့်ကျောပြင်ကြောင့်...
စိတ်ထဲမှပေါ်လာသည့်အရိပ်အယောင်ကြောင့်ခေါင်းသည်ထိုးကိုက်လာခဲ့သည်...

"လီဆာ...ဘာဖြစ်တာလဲ.."

"ငါ..နားချင်တယ်..ချယ်ယောင်း.."

"အင်း..ငါတွဲသွားပေးမယ်နော်.."

လီဆာ..အိပ်နေပေမဲ့စိတ်တော့..သူမနေ့လည်ကတွေ့ခဲ့တဲ့အမျိုးသမီးဆီမှာ...
သူတွေ့ခဲ့တဲ့နောက်ကျောပြင်ကအိပ်မက်ထဲမှအမျိုးသမီးနဲ့တူလွန်းနေသည်...

မျက်နှာကြက်အဖြူအားကြည့်ရင်း..သူပြောလိုက်သည်က...

"သူကကလေးအမေမလား.ငါရှာနေတဲ့သူ.မဖြစ်နိုင်လောက်ပါဘူး.."

~~~

ပိတ်ထားသည့်အိမ်ကြီးသည်ဆိုဖာများအားပိတ်စအဖြူအားခြုံထားပေမဲ့လည်း..ဖုန်းအလိမ်းလိမ်းကပ်နေဆဲ..

"အဟွတ်..အဟွတ်.."

ချောင်းဆိုးနေသည်ကြောင့်..
အသင့်ပါလာသည့်Maskအားတပ်လိုက်ရင်း..
ငယ်ငယ်ရှိအမှတ်တရများရှိသောအိမ်ကြီးများအားပတ်ကြည့်လိုက်နေသည်..

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now