အပိုင်း-၇

2.6K 289 13
                                    

"ဂျဲန်းနီ.."

"အစ်ကိုဆွန်းချွန်း.."

အပြန်အလှန်ပြုံး၍နှုတ်ဆက်နေကြတဲ့..
ခပ်ချောချောယောင်္ကျားလေးတစ်ယောက်နဲ့Honeyကြောင့်ကိုယ့်မျက်ခုံးတွေဟာတွန့်ချိုးပီးသား..
Honeyသူငယ်ချင်းတွေကိုကိုယ်အားလုံးသိပေမဲ့..သူ့ကိုတော့ပထမဆုံးမြင်ဖူးခြင်း..

"သူငယ်ချင်းနဲ့လာတာလား.."

"မဟုတ်ဘူး..ကိုယ်ကသူ့ယောင်္ကျား..လာလီဆာမာနိုဘန်တဲ့.."

တင်းတင်းဆုပ်ထားသောလက်တစ်ဖက်အားမလွှတ်ပေးဘဲ...ဆိုလာတဲ့မောင်..သေချာပေါက်စိတ်ဆိုးတော့မည်ကိုကျမသိသည်..မောင်ကကျမကိုမိန်းကလေးတွေနဲ့စကားပြောရင်တောင်သဝန်တိုတတ်တာလေ..

"အော်.."

"Honey..သွားရအောင်.."

"ဟုတ်.."

ခြေလှမ်းကျဲကြီးများအားမှီအောင်လိုက်ရသည်မှာဂျဲန်းနီတစ်ယောက်အမှီလိုက်ရပြန်သည်..

"ဘယ်သူလဲ.."

အိပ်ခန်းထဲရောက်သည်နှင့်မေးသောစကားပင်..

"အသိအစ်ကိုတစ်ယောက်ပါ.."

"မောင်လည်းသူ့ကိုမသိရပါလား.."

ခါးထောက်ကာပြောနေသောမောင်၏မျက်နှာတွင်စိတ်အလိုမကျမှုများစွာပြည့်နေသည်..

"ဒီမြို့ကိုရောက်မှ..သိတာ.."

"မောင့်ကိုမပြောဘူးနော်.."

"အရေးမကြီးဘူးထင်လို့ပါ.."

"မင်း..ဘယ်သူနဲ့သူငယ်ချင်းဖြစ်လဲ..မောင့်ကိုပြောရမယ်လို့..မောင်ပြောထားတယ်မလား..ဘာလဲ..မောင့်စကားကိုအလေးမထားတော့တာလား"

"...."

"ဟာကွာ.."

ခေါင်းငုံ့ကာဘာမျှမပြောသောသူကြောင့်..လီဆာပို၍စိတ်တိုကာ..ဘေးရှိထိုင်ခုံအားကန်ပီးအပြင်ထွက်သွားလေသည်....

မောင်သိနေတယ်..အဲကောင်ရဲ့အကြည့်တွေလုံးဝမရိုးသားတာ..
သူနဲ့သူငယ်ချင်းဖြစ်နေတာကိုမောင့်ကိုမပြောပြလို့မောင်စိတ်တိုနေတာဆိုပေမဲ့..မင်းကိုဆုံးရှူံးရမှာပိုစိတ်ပူတယ်..Honey..

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now