အပိုင်း-၁၇

3K 293 20
                                    

"တောင်းပန်ပါတယ်..ကလေးလေးရယ်..
မေမေ..ကလေးကိုခုတုံးတစ်ခုအနေနဲ့ဘဲမြင်မိခဲ့လို့.."

ဗိုက်ကလေးပေါ်လက်တင်ရင်းသူမဆိုမိသည်..
ကလေးကိုသူမထိုသို့ဘဲမြင်ခဲ့မိသည်လေ..

"ဂျဲန်းနီရေ..ထမင်းစားမယ်.."

"ဟုတ်ကဲ့..အစ်မ.."

တံခါးခေါက်ကာလာခေါ်သည့်အစ်မဂျီဆူးအးပြန်သံတစ်ချက်ပေးကာ..ကလေးအတွက်ထိုးလက်စဆွယ်တာလေးအားစားပွဲပေါ်တင်ထားရာမှ..အံဆွဲသို့ပြောင်းထည့်လိုက်သည်...

"အားမနာနဲ့သိလား..များများစား..ကိုယ်ဝန်သည်ဆိုတာအားရှိအောင်နေရတယ်.."

"ဟုတ်ကဲ့..အစ်မ.."

ထမင်းစားပွဲပေါ်တွင်ရှိသည့်ဟင်းများအားလုံးသည်..ဂျီဆူးခပ်ထည့်ပေးသောကြောင့်..
ဂျဲန်းနီပန်းကန်ထဲတွင်ထမင်းပင်မမြင်ရတော့ချေ....

"မ'ကကွာ..ချယ့်ကိုလည်းဟင်းလေးထည့်ပေးပါအုန်း.."

"လက်မပါလို့လား.."

ခပ်ဆတ်ဆတ်ပြောလိုက်သည့်ဂျီဆူးစကားကြောင့်ချယ်ယောင်းနှုတ်ခမ်းဆူကာ..

"ဒီလိုနော်.."

"အင်း..ဒီလို.."

".."

စိတ်ကောက်သွားသည့်ချစ်သူအားဂျီဆူးထပ်ချော့ရပြန်သည်...
သူအကြိုက်ဆုံးအစားစာဖြစ်တဲ့ကင်ချီလေးအားပါးစပ်ထဲခွံ့ရင်းပေါ့..

ဂျဲန်းနီသည်လည်းထိုအခြေအနေအားမြင်၍..ပြုံးမိခြင်းနှင့်အတူအတိတ်ရှိပုံရိပ်များကပြန်ဟပ်လာခဲ့သည်..

အပြုအမူသေးသေးလေးကအစ...ရင်ခုန်အောင်လုပ်တတ်တဲ့မောင့်ပုံရိပ်ကအတွေးထဲမှာအရမ်းလှတာဘဲ..မောင်..

ပုဇွန်အကြီးအားနှစ်ခြမ်းခွဲ၍ကင်ထားသောဟင်းကိုကြည့်ပြီးတွေးမိသည်က..မောင်လည်းပုဇွန်ကြိုက်ပါလားဟူသည့်အတွေး..
ညနေစာရောစားပြီးပြီလား..
ညနေပိုင်းထမင်းစားရတာမကြိုက်တဲ့မောင်က..ကျမခေါ်ရင်ဂျစ်တစ်တစ်လုပ်တတ်သေးတာ..

မျက်ဝန်းအိမ်၌နေရာယူကာဝဲလာသည့်မျက်ရည်များအားပုတ်ခတ်လိုက်သည်...

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now