အပိုင်း-၂၅

4.1K 324 11
                                    

လယ်အလုပ်ကဘယ်လောက်ထိပင်ပန်းလဲ..သူအခုတော့သိသွားရပြီ....ပေါက်လိုက်ရသည့်ပေါက်တူးက..ညနေ၁နာရီမှ၅နာရီအထိ....ဆရာဝန်လက်ဖြစ်သောနုနုထွတ်ထွတ်လေးသည်လည်းအရေများကွာ၍နီရဲနေပြီဖြစ်သည်..

မျက်စိဒေါက်ထောက်ကြည့်နေသောယောက္ခထီးကြီးကြောင့်...သူလက်ကြောတင်းပြီးအလုပ်ကြိုးစားကြောင်းပြမည်လေ...

အလုပ်သမားများသည့်ထိုလယ်ဧက..များမှာလက်ညိုးထိုးမလွဲအောင်ပင်..ကိုယ့်ကိုကိုယ်တောသူဌေးရဲ့ချွေးမဖြစ်နေလို့ဂုဏ်ဆာနေရသေး...

အလုပ်သမားအများစုကတော့စပ်စုပြီး.လာမေးကြသည်...ဒီလိုဖြူဖြူနုနုလေးကလယ်အလုပ်လုပ်နေတယ်ဆိုတော့ထူးဆန်းကြသလိုဖြစ်နေတော့မေးကြခြင်း...

လီဆာ့အတွက်ထိုမေးခွန်းကတော့မခက်လှချေ...ကင်မ်ဂျဲန်းနီရဲ့ယောင်္ကျားလို့ပြောပြီး..ကျန်တဲ့ဟာကတော့ဘာမှမဖြေချေ...

တစ်ချိန်လုံးသစ်ပင်အရိပ်အောက်ကခုံမှာလှဒအိပ်နေတဲ့ကင်မ်ဟန်ဘင်းကတော့အသက်ကြီးလာသည်ဖြစာ၍လယ်အလုပ်မလုပ်တော့ဘဲ..အလုပ်သမားများကိုဦးစီးကွပ်ကဲလေသည်..

ဈေးထဲကုန်စိမ်းဆိုင်အား...
ဂျယ်ဟီးရဲ့မိန်းမကတာဝန်ယူ၍ဦးဆောင်သည်..မြို့သို့ပို့ရန်ပစ္စည်းများအားဂျယ်ဟီးက..တာဝန်ယူသည်..အလုပ်သမားများ၏နေ့လည်စာအတွက်ကတော့..ကင်မ်ဟန်ဘင်း၏အမျိုးသမီးဦးဆောင်ချက်ပြုတ်ပြီး...အိမ်အတွက်မနက်စာ၊နေ့လည်စာ၊ညစာကိုတော့...ဂျဲန်းနီကချက်သည်..

"ဟေ့..မင်း..ပြန်မယ်..ပေါက်တူးနဲ့တံစဥ်းသိမ်းခဲ့..."

~ဟူး~

သူအခုမှသက်ပြင်းချနိုင်တော့သည်..နားရတော့မည်ဆိုသည်ကြောင့်..

"ရေကို..ဒီ..ဒီမှာချိုးရမယ်.."

ရေချိုးရန်ဂျဲန်းနီပြသောနေရာအားကြည့်ပြီးလီဆာအံ့သြသွားသည်မှာအမှန်...ထရံတွေနဲ့ကာထားတဲ့အခန်းတစ်ခုကအုတ်ကန်ကြီးထဲမှာရေအပြည့်နဲ့..တကယ်ဘဲသူဘယ်လိုချိုးရမှာလဲ..

"ဒီတဘက်ကိုပတ်ပြီးချိုး..ကျမရှေ့ကစောင့်နေပေးမယ်.."

"ဟုတ်ပါပြီ..."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now