Extra-2

3.9K 337 15
                                    

"ဒီဒီ...ဟိုနေ့ကဒီဒီလှတယ်လို့ပြောတဲ့ဆရာမလေးက..ရည်းစားမရှိဘူးတဲ့..."

"အဟွတ်..ဟွတ်.."

မနက်စာအဖြစ်ခေါက်ဆွဲကြော်အားစားနေရာမှရှေ့ရှိကိုယ့်သားတော်မောင်ပြောလိုက်သည့်စကားကြောင့်...ခေါင်းဆွဲပင်လည်ပင်းထဲတစ်သွားရသည်..
ဘေးရှိမိန်းမဖြစ်သူကတော့..ခေါက်ဆွဲပန်းကန်ကိုဘဲစိုက်ကြည့်နေလေပြီ..
သေချာပေါက်စိတ်ဆိုးတော့မည်..

အား..ဒီကလေးတော်တော်မွှေတာဘဲ...

အသက်၅နှစ်အရွယ်လီယမ်လေး...စကားကတော့အသက်အရွယ်နှင့်မလိုက်အောင်ပြောတတ်သည့်အပြင်....
အကျင့်တွေအကုန်ကတော့..သူ၏ဒီဒီနှင့်တစ်ပုံစံတည်း...

"သားငယ်....မြန်မြန်စား.ကျောင်းနောက်ကျမယ်...မမတောင်ပြီးသွားပြီ..."

ပြောလည်းပြောဂျဲန်းနီသည်..ယူနီဖောင်းနှင့်တွဲဝတ်ရသောနက်တိုင်အားလီယမ်၏လည်ပင်းတွင်ချည်ပေးနေသည်..

"ဟုတ်..သားလဲပြီးပြီ.."

နွားနို့အားတစ်ကျိုက်တည်းမော့သောက်ကာ..
မောင်နှမနှစ်ယောက်ကားပေါ်တွင်စောင့်ရန်လက်ဆွဲ၍ထွက်သွားလေသည်..

"Honey..ဟိုဟာကလေ.."

"တော်တော်ကြိုက်မှာပေါ့နော်.မောင်.သားငယ်ကျောင်းကဆရာမတွေကလှတော့..သွားကြိုရတာလဲတော်တော်ပျော်နေမှာပေါ့."

"မဟုတ်ဘူးလေ..Honeyရဲ့...အဲတာကမောင်ရှင်းပြမယ်..."

"ကလေးတွေကျောင်းနောက်ကျတော့မယ်..မြန်မြန်သွားပါတော့.."

ပြောပြီးပန်းကန်များသိမ်းနေသည်ကြောင့်..
ကားသော့အားယူကာထွက်လာခဲ့လိုက်သည်..

"သားငယ်....ဘာလို့အဲလိုပြောတာလဲ.အခုသားမေမေ..ဒီဒီ့ကိုစိတ်ကောက်သွားပြီ."

"အာ..ဒီဒီကလည်း..သားက..သိစေချင်လို့ပြောပြတာလေ.."

လက်အားပိုက်၍နှုတ်ခမ်းထော်ကာပြန်ရန်တွေ့နေသောသားတော်မောင်..အပြစ်ကင်းသည့်ပုံဖမ်းသည်တော့100%တော်သည်...

"ညကျ..မေမေ့ကိုဝိုင်းကူရှင်းပြပေး..."

"မသိဘူး.."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now