အပိုင်း-၁၁

2.7K 309 24
                                    

အအေးဝယ်ရန်စတိုးဆိုင်တစ်ခုအား..ကားမောင်းပီးလီဆာနှင့်ချယ်ယောင်းထွက်လာကြသည်..

"လီဆာ...သူနဲ့ကဘာတွေလဲ.."

ချယ်ယောင်းလီဆာ့ဘက်လှည့်ကာပထမဆုံးစလိုက်သည့်စကားပင်....

"ဘယ်သူနဲ့လဲ.."

"အဲ..ဂင်မင်အာနဲ့ကိုပြောတာ..ဘာတွေလဲလို့"

"ဘာ..ရ..မှာလဲ..သူငယ်ချင်းတွေပါ."

"ကျစ်.."

ဘာမှမဖြစ်သည့်အတိုင်းပင်ပြောနေသောလီဆာအားချယ်ယောင်းစုပ်တစ်ချက်သပ်လိုက်သည်..မင်အာကလီဆာချစ်သည်ကိုအခွင့်ကောင်းယူပြီး..ဘယ်လိုထိရက်စက်ပီးထားခဲ့သည်ကိုချယ်ယောင်းသိသည်လေ..

"နင်..အဲတုန်းကအတွက်ဘာမှမခံစားရတော့ဘူးလား..."

"ဟင့်အင်း..ငါတို့အခုသူငယ်ချင်းတွေလိုလဲ..အဆင်ပြေတယ်လေ.."

"အေး..နင်အဆင်ပြေတယ်ဆိုရင်လည်း..ပြီးရော....ဒါမဲ့သူ့ကိုသတိထားအူန်းနော်.."

"အေးပါဟာ..နင်စိတ်အပူလွန်နေပြီ.."

ချယ်ယောင်းစိတ်ပူလွန်နေခြင်းတော့မဟုတ်.မင်အာသာဝင်ရှုပ်လျှင်လီဆာသည်..မင်အာဘက်ပါသွားနိုင်သည်..လီဆာ.မင်အာကိုဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ...
ချယ်ယောင်းအသိ...

မင်အာနဲ့တွဲတာက်ိုသဘောမကျခဲ့တဲ့ချယ်ယောင်းက...မင်အာနှင့်ပြတ်တုန်းက.
အရူးတစ်ယောက်လိုပြုမူနေခဲ့လို့..
ရန်ဖြစ်ရသေးခဲ့သည်..
.
.
.
.
.
"ဂျဲန်း..ဇာတ်ကားအသစ်ထွက်တာကြည့်ပြီးပြီလား.."

"ဟင်..အစ်မ..ဘာပြောတာလဲ.."

မင်အာကတော့ဆိုဖာပေါ်ထိုင်ကာဖုန်းသုံးနေပေမဲ့.ဂျီဆူးနှင့်ဂျဲန်းနီကတော့ဘေးချင်းကပ်ထိုင်နေလေသည်..
အေးစက်နေသောလေထုတွင်..ဂျီဆူးပထမဆုံးပြောလိုက်သည့်စကားပင်..

"အဲဇာတ်ကားကြည့်ရတာတော်တော်အားရတယ်..ဗီလိန်မက.ဇာတ်လိုက်.မင်းသားနားအတင်းကပ်နေတာ...မင်းသားက.
သူ့ရည်းစားမှသူဖြစ်နေလို့.....အတင်းလိုက်ခွဲတာ..

နောက်ဆုံးတော့လည်း..သူများရည်းစားကို..
ခိုးချင်နေတဲ့.ဗီ.လိန်.မ...ဆိုပြီး..အဆုံးသတ်သွားတယ်လေ.."

So Far Away(ငြိတွယ်ခြင်း)[Complete]Kde žijí příběhy. Začni objevovat