အပိုင်း-၂

3.4K 324 5
                                    

"Darling.."

'Darling'ဟုခေါ်သည့်အသံကြောင့်နှစ်ရှည်လများ..မခုန်တော့သည့်သူမအတွက်ရင်ခုန်သံသည်မြန်ဆန်လာရသည်...

"Darling..တို့ကိုရှောင်နေတော့မှာလား.."

လှည့်ထွက်ကာမှကျောပြင်သို့ဖက်ကာပြောလာသည်ကြောင့်..အတွေးများစွာသည်ရစ်ဝဲဝဲနှင့်...

သူဘာဖြစ်ချင်နေတာလဲ?

"မင်အာ...မင်းနဲ့ငါဘာအကန့်မှမရှိတော့ဘူးနော်..လွှတ်"

ခါးသို့ဖက်ထားသောလက်တို့အားမဖြုတ်ချနိုင်တာဘာလို့လဲ..ရက်ရက်စက်စက်အသဲကိုခွဲပြီးထားခဲ့တဲ့..မိန်းမကိုကိုယ်မမေ့နိုင်သေးဘူးလား..

"Darling..တို့တောင်းပန်ပါတယ်.."

ထိုအချိန်မြင်လာမိသည်က..အပြစ်ကင်းစင်သည့်ကိုယ့်Honeyရဲ့မျက်နှာလေး...

လက်တို့အားခပ်ကြမ်းကြမ်းဖြုတ်ချကာ..

"ဟက်..တောင်းပန်ပါတယ်တစ်ခွန်းထဲနဲ့ခွင့်လွှတ်ပေးရမှာလား..အေးဆေးနေကြရအောင်ပါ...ကိုယ့်ဘဝနဲ့ကိုယ်ပေါ့...."

မင်အာသည်မျက်ရည်ခံထိုး၍ပြောနေသည်မှာတစ်ဖက်လူအဖို့ယုံချင်စရာမျက်နှာမျိုးပင်..

ဆိုင်ထဲသို့ဝင်လာသည်နှင့်ဂျူနီယာဆရာဝန်များနှင့်စီနီယာများသည်နှုတ်ဆက်သောကြောင့်..အသက်မပါသည့်အပြုံးတုဖြင့်နှုတ်ဆက်ရင်း.
ထောင့်စားပွဲတစ်ခုတွင်တစ်ယောက်တည်းထိူင်ကာ...နေလေသည်..

"Hey..လီဆာ..မိတ်ဆက်ပေးစရာလူရှိလို့.."

"အော်..စီနီယာ..ဘာများလဲ.."

"သူလေးလေ..ငါတို့ဆေးရုံကိုအသစ်ပြောင်းလာတဲ့ဆရာဝန်အသစ်လေး..ဂင်မင်အာ..."

"ဟုတ်.."

ထိုတစ်ခွန်းပင်ပြောပီး..စင်မြင့်ပေါ်ရှိအဆိုတော်အားအာရုံစိုက်နေလိုက်သည်..

"လီဆာကဒီလိုဘဲ..စကားနည်းတယ်..နောက်တော့ခင်သွားမှာပါ.."

"ဟုတ်ကဲ့..စီနီယာ....သောက်ဖို့ဆိုရင်သွားသောက်လေ..ကျမလီဆာနဲ့စကားပြောနေလိုက်မယ်.."

"အင်း..လီဆာရေ..မင်အာကိုဂရုစိုက်ပေးလိုက်ပါအုန်း.."

ဘာမျှမတုန့်ပြန်ဖြစ်...ဗလာနတ္ထိဖြစ်နေသည့်အတွေးတို့ရယ်..
မျက်လုံးသည်လည်းစိတ်မပါဘဲ....စင်ပေါ်ကအဆိုတော်ဆီပို့ထားသည်လေ..

So Far Away(ငြိတွယ်ခြင်း)[Complete]Où les histoires vivent. Découvrez maintenant