Extra-4

3.9K 295 11
                                    

နေ့တစ်နေ့၏အစပြုသည်မှာ.သူမ၏အနမ်းနှင့်....
အဆုံးသတ်သည်မှာသူမ၏အပွေ့အဖက်ပေ..

~~~

"ဒီမှာ....မုန့်ရပါပြီ..နာဘီလေး..များများစားနော်..."

"ဟုတ်ကဲ့..အန်တီ..."

ဧည့််ခန်းတွင်စာအတူလုပ်နေသောအယ်လာနှင့်နာဘီ...
အထက်တန်းရောက်တော့မည်ဖြစ်၍အလယ်တန်းစာမေးပွဲအတွက်..အမြဲလိုလိုနှစ်ယောက်သားစာအတူတူလုပ်ဖြစ်ကြသည်....

"မေမေ..သားနိုးပြီ..."

မျက်လုံးပင်မဖွင့်သေး..ကိုယ်ပေါ်တက်လာကာထိုင်၍ချွဲနေသော..လီယမ်အားပြန်ဖက်ထားလိုက်သည်..

"အာ..မမနာဘီရောက်နေတာဘဲ..ရှက်လိုက်တာ...မျက်နှာသွားသစ်တော့မယ်.."

အိပ်ယာထကာစပုံကြောင့်..အခြားသူမြင်မည်ကိုရှက်သွားသည့်ပုံဖြင့်..သူ့မျက်နှာအားအုပ်ကာအခန်းထဲသို့ဝင်ပြေးသွားသည့်ကြောင့်.ဂျဲန်းနီအပြင်အယ်လာတို့သူငယ်ချင်းနှစ်ယောက်ပါရယ်မိသွားလေသည်..

အသက်10နှစ်ကျော်ကျော်ရှိသောထိုကလေးမှာ...အရပ်ကအခြား10နှစ်အရွယ်ကလေးများထက်အနည်းငယ်ရှည်နေသည့်အပြင်...
ရုပ်ရည်သည်လည်းနိုင်ငံခြားသားရုပ်မျိုးဖြစ်သည်..

"မေမေ..ဒီဒီမနိုးသေးဘူးလား..."

ခေါက်ဆွဲစပါကတီအားတူဖြင့်မွှေနေရင်းပြောနေသောလီယမ်အားဂျဲန်းနီနွားနို့တစ်ခွက်ထည့်ပေးရင်းစကားပြန်ပြောလိုက်သည်..

"သားငယ်ရဲ့ဒီဒီကဒီနေ့ပိတ်ရက်မို့အိပ်နေတာ"

"ဟာ..ဒါဘဲ..ဒီဒီကစည်းကမ်းတော်တော်ပျက်တယ်...
မနက်9နာရီ‌ကျော်အထိတောင်အိပ်တုန်း...
မေမေ..သား..ဒီဒီနဲ့ဘဲမနက်စာအတူစားတော့မယ်.ဒီဒီ့ကိုစောင့်လိုက်အုန်းမယ်နော်.."

"ဒီဒီ့ကနိုးသေးမှာမဟုတ်ဘူး..လီယမ်ရဲ့.."

"သားအခုစားလိုက်ရင်..ဒီဒီမနက်စာစားရင်တစ်ယောက်တည်းဖြစ်နေမှာပေါ့..."

လီယမ့်စကားကြောင့်သူမပြုံးလိုက်မိသည်..
လီယမ်သည်..သူ့၏ဒီဒီ့အားအချိန်ရှိသမျှကန့်လန့်တိုက်၍စနောက်၍နေတတ်ပေမဲ့..ဘယ်လောက်ထိချစ်သည်ဆိုသည်မှာ..သူမအသိဆုံး..

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now