အပိုင်း-၁၃

2.3K 222 15
                                    

ကြို၍Bookingတင်ထားသောအခန်းသော့တို့အားယူပြီးသည်နှင့်ဟိုတယ်ဝန်ထမ်း၏လမ်းပြရာသို့လျှောက်လာခဲ့သည်..

Luggageအိတ်ထဲကအင်္ကျီတို့ပင်မထုတ်နိုင်ဘဲ..
လေယာဥ်စီးလာရ၍ပင်ပန်းသောကြောင့်လီဆာတစ်ယောက်ခြေပစ်လက်ပစ်အိပ်ပျော်သွားသည်..

Other side

ဧည့်ခန်းထဲတွင်ထိုင်ကာ..ဖုန်းကိုင်၍..
လီဆာ့ဆီမှဖုန်းအားစောင့်နေသောဂျဲန်းနီ..

"ဒီအချိန်ဆို..လေယာဥ်ဆိုက်သွားပါပြီ..ဘာလို့ဖုန်းမခေါ်တာလဲ.."

မနက်၉နာရီစထွက်သောလေယာဥ်သည်..
ညနေပိုင်း၄နာရီဆိုက်မည်ဟုသိသောကြောင့်..
၄နာရီမထိုးခင်ကပင်..ဖုန်းအားကိုင်၍..ဆိုဖာတွင်ထိုင်ကာစောင့်နေလေသည်..

"မမလေးဂျဲန်းနီရှင့်..သခင်မကြီးကခေါ်ခိုင်းလိုက်လို့ပါ.."

"ဟုတ်..ကျမလိုက်ခဲ့ပါ့မယ်ရှင့်.."

အိမ်အပေါက်ဝမှပြောလာသည့်Maidတစ်ယောက်ကြောင့်...ဖုန်းအားစားပွဲပေါ်၌တင်ထားခဲ့ပြီးလျှင်..
အိမ်အသေးလေး၏တံခါးအားစေ့ရုံမျှသာပိတ်ခဲ့ပြီး...အိမ်အကြီးဘက်လာခဲ့သည်..

"ဘာလုပ်နေတာလဲ.."

အိမ်ထဲရောက်သည်နှင့်ဧည့်ခန်းရှိမောင့်အမေ၏အသံမာမာပင်..အဆင်ပြေသည်ဟုထင်သော်လည်း..မောင့်အမေသည်မောင်စိတ်ဆင်းရဲသည်ကိုမမြင်ချင်သည်ကြောင့်ထင်ပါရဲ့..မောင့်ရှေ့တွင်ကျမအားကောင်းကောင်းမွန်မွန်ဆက်ဆံပြီး..မောင့်ကွယ်ရာကျပုံမှန်အတိုင်းပင်ပြောဆိုလေသည်....

"မောင့်ရဲ့ဖုန်းကိုစောင့်နေတာပါ.."

"အိမ်မှာနေတာ..ဘာမှမလုပ်ဘဲနေရအောင်..
မင်းကိုယ်မင်းအိမ်ထောင်ရှင်မတစ်ယောက်လို့ရော..ကိုယ့်ကိုကိုယ်သတ်မှတ်ရဲ့လား.."

"သမီး..အိမ်ကိုသန့်ရှင်းရေးလုပ်နေတာခုနကမှပြီး.."

"ဆင်ခြေဆင်လက်တွေပေးလိူက်တာ....
အခုညနေရောက်တော့မယ်..ငါ့သူငယ်ချင်းတွေအိမ်လာလည်မှာ..ညနေစာသွားချက်ချေ..၆နာရီအမှီပြီးပါစေ"

"ဟုတ်ကဲ့..အမေ.."

မီးဖိုချောင်ထဲသို့ဝင်သွားသောဂျဲန်းနီအားကြည့်ကာမစ္စမာနိုဘန်ပြုံးရင်း..
ဝင်ကူဖို့လိုက်ဝင်ရန်လုပ်နေသောMaidများအားလည်းတားကာ..တစ်ယောက်တည်းလုပ်ရန်ပြောထားသည်..

So Far Away(ငြိတွယ်ခြင်း)[Complete]Unde poveștirile trăiesc. Descoperă acum