အပိုင်း-၂၁

3.2K 284 19
                                    

5 years later..

"မာမီလို့..လုပ်ပါနော်..ကိုကြီးနဲ့ကိုလတ်ကိုတွေ့ချင်လို့ပါ.."

"နောက်လကျရင်တွေ့ရမှာဘဲလေ..ဘန်ဘန်ရဲ့..လိမ်မာပါတယ်.."

"ဟင်..မာမီလို့..."

၃၁နှစ်အရွယ်ကောင်မလေးတစ်ယောက်သည်..ထိုသို့ဖက်၍ချွဲနေသည်မှာ...ကလေးတစ်ယောက်သဖွယ်ပင်..မိသားစုဝင်များနှင့်သာထိုသို့အပြုအမူများသာပြတတ်သောလီဆာသည်...
သူလိုချင်သည့်တစ်ခုခုအား...၎င်းအပြုအမူနဲ့ပင်ချွဲတတ်သေးသည်...

အခုသည်လည်း...ကိုးရီးယားအားသွားချင်သောကြောင့်သူ့အမေအားပူဆာနေခြင်း..

အကြောင်းသိသောမစ္စမာနိုဘန်သည်...
သွားရန်မခွင့်ပြု၊မိသားစုညစာစားပွဲရောက်ရန်
၁၀ရက်သာလိုသောကြောင့်တားနေသည်..

"မာမီ..နော်လို့.."

"ဘန်ဘန်ကလည်းကွယ်..မာမီ့သမီးလေးကလိမ်မာပါတယ်..နောက်၁၀ရက်ဘဲစောင့်လိုက်လေနော်..နောက်လကူးပြီလေ..."

"မရဘူး...မာမီ့ကိုစိတ်ဆိုးတယ်..ဘယ်သူမှလာမခေါ်ကြနဲ့.."

ခြေအားဆောင့်ကာအောင့်ကာ..အခန်းထဲသို့ဝင်သွားသည်...
တံခါးအားလည်းစိတ်ဆိုးသည်အားသိစေချင်သည်ကြောင့်ဆောင့်ပိတ်လိုက်လေသည်..

"မိန်းမ...တစ်ခါလေးဘဲအလည်ပို့ပေးလိုက်ပါကွာ.ဟိုမှာသားနှစ်ယောက်ရှိကြတာဘဲ..သူတို့ဂရုစိုက်ကြမှာပါ..."

"မရဘူးရှင်ရယ်....ကျမတို့အဲအခြေအနေလေးကိုမနည်းဆွဲထားရတာရှင်မသိဘူးလား...ကျမမြေးလေးကိုအဆုံးရှုံးခံပြီး..."

"ကိုယ်လဲမြေးမလေးကိုတွေ့ချင်လိုက်တာ..
ချွေးမလေးနဲ့လည်းပြန်ပေါင်းစေချင်တယ်..မဟုတ်လည်းဘန်ဘန်ကအခုထိချစ်သူမှမရှိသေးတာ..."

"ကျမ..ဂျဲန်းနီကိုအားနာတယ်ရှင့်..မျက်နှာချင်းတောင်မဆိုင်နိုင်တော့ဘူး...ထင်ပါ့.."

"ကိုယ်တို့ဘဲဘန်ဘန့်ကိုလက်ထက်ပေးဖို့လုပ်ရအောင်..."

"အင်း..."

မျက်နှာမကောင်းသောဇနီးသည်ကြောင့်..မစ္စတာမာနိုဘန်သတင်းစာဖတ်နေရာမှသူ့ဇနီးဘေးပြောင်းကာဖက်ထားပေးလိုက်တော့သည်...

So Far Away(ငြိတွယ်ခြင်း)[Complete]Où les histoires vivent. Découvrez maintenant