အပိုင်း-၈

2.7K 248 16
                                    

"ဂျဲန်းနီ.အလုပ်‌ေပးစရာလေးရှိလို့.."

"ဟုတ်...ဥက္ကဋ္ဌကြီး..."

အစည်းအဝေးခန်းမထဲရှိ..ထိပ်ရှိခုံတွင်ထိုင်နေသောဥက္ကဠကြီးလီဆူမင်း..သည်ဂျဲန်းနီအားပြောလိုက်သည်မို့ဝန်ထမ်းတို့သည်..ဘာပြောကြမလဲ'ဟူကြောင့်နားစွင့်ထားကြသည်..

"တစ်နှစ်တစ်ခါ..မိဘမဲ့ဂေဟာမှာ.ကိုယ်တို့.အလှူသွားလုပ်တာသိတယ်မလား.."

"ဟုတ်.."

"ဆရာဝန်အဖွဲ့လိုလို့...ကိုယ့်သူငယ်ချင်းလီဆာကိုအကူအညီတောင်းတာ...သူတို့ဆေးရုံကလည်း..အဆင်ပြေတယ်တဲ့.."

'လီဆာ'ဆိုသည့်အသံကြားသည်နှင့်နှလုံးခုန်မှာမြန်လာပြီး..မျက်နှာကြီးမှာနီရဲလာခဲ့သည်..

'ချစ်စရာကောင်းလိုက်တာ'ဟူသောစကားတစ်ခွန်းသည်တခြားသူပြောရင်တော့ကိစ္စမရှိ..မောင်တည့်တည့်စိုက်ကြည့်ကာပြောလာမှ...ပါးစပ်ထဲကကော်ဖီတွေမျက်နှာတည့်တည့်ကို..ထွေးထုတ်မိသွားတာပါဘဲ..

ကော်ဖီဆိုင်ကရှက်ပီးထွက်ပြေးလာသည့်နေ့ကစ၍ကိစ္စအားပြန်တွေးမိပြီးရှက်နေသည်မှာ..မေ့မေ့ပျောက်ပျောက်ဖြစ်သွားရာမှ..
နာမည်တစ်ခုကြောင့်..ထိုအကြောင်းသည်ခေါင်းထဲဝင်လာခဲ့ပြန်သည်..

"ဂျဲန်းနီ..ဂျဲန်းနီ.."

"ရှင်..တောင်းပန်ပါတယ်..နည်းနည်းအတွေးလွန်သွားလို့.."

"ရပါတယ်.."

အတွေးလွန်နေသည်မှာစားပွဲအားထု၍ခေါ်ရတဲ့အထိ..

"စာချုပ်ချုပ်ဖို့..ကိုယ်လာခဲ့မယ်လို့ပြောတာ.မလာခဲ့နဲ့တဲ့....ဂျဲန်းနီကိုလွှတ်လိုက်ပါတဲ့.."

"ရှင်.."

အာမေဍိတ်သံဖြစ်သွားသည်မှာမျက်စိသူငယ်အိမ်မှာကျယ်လာသည်အထိပင်...

"စာချုပ်ကိုအတွင်းရေးမှူးဘတ်ဆီမှာ..လာယူလိုက်ပါ....အခုနေ့လည်သူအလုပ်လုပ်နေတဲ့ဆေးရုံကိုသွားလိုက်နော်..Meetingသိမ်းပါပြီ.."

ပြန်ပြောချိန်ပင်မရလိုက်၊အတွင်းရေးမှူးနှင့်
‌‌ထိုင်ရာမှထထွက်သွားသောလီဆူမင်း...

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now