အပိုင်း-၂၄

3.7K 371 21
                                    

~ဂွီ~

မနက်ကတည်းမှဘာမျှမစားရသေးသည်မို့..အဆာလွန်နေသောဗိုက်အားဖိကာ...လူ၌လာဝဲနေသောခြင်များအားတစ်ဖျတ်ဖျတ်ဖြင့်ရိုက်နေမိသည်...

တယ်လဲအကုသိုလ်ပေးတဲ့ဟာတွေ..

ခေါင်းအားငုံ့ထားရင်း...လက်နှစ်ဖက်အားအချင်းချင်းကိုင်ထားကာနွေးထွေးမှုအားယူနေလိုက်သည်...,

သူယုံတယ်..သူ့Honeyထွက်ခေါ်မှာကို..

ရှေ့ရှိမြင်လိုက်ရသည့်ခြေဖမိုးဖြူဖြူလေးကြောင့်အပျော်လွန်ကာ..ထရပ်လိုက်မိသည်..

"Honey.."

"လိုက်ခဲ့..."

အေးစက်စက်နိုင်သည့်စကားတစ်ခွန်းဟုဆိုပေမဲ့လည်း..နှလုံးသားထဲထိနွေးထွေးသွားသည်အမှန်....

လီဆာအိမ်ထဲသို့ရောက်သည်နှင့်သူ့‌ယောက္ခထီးပေါင်ပေါ်တွင်ဇိမ်ကျနေသောသူ့သမီးအားလက်ပြလိုက်သည်..ကလေးကစိမ်းသည်ထင်ပါ့..သူ့အားကြောင်စီစီလေးကြည့်လာပြီးတစ်ဖက်သို့လှည့်သွားသည်...

"အခန်းလွတ်တော့မရှိဘူး...ဟို.အခန်းရှေ့ကခုံမှာအိပ်ချင်အိပ်.."

မျက်လုံးနဲ့ပြကာပြောလိုက်သည့်ယောက္ခထီးကြီးကြောင့်သူကြည့်မိလိုက်သည်...
၅ပေအရှည်တောင်မပြည့်တဲ့သစ်သားခုံကြီးမှာသူဘယ်လိုအိပ်ရမလဲပေါ့.....

"ယောင်္ကျား..ရှင်ဘာဖြစ်နေတာလဲ.."

"အခန်းလွတ်မရှိဘူးလေ.."

"လီဆာလေး..ခေါင်းအုံနဲ့စောင်ယူပေးမယ်နော်...ဒီဧည့်ခန်းကဆိုဖာလေးမှာဘဲအိပ်လိုက်....တို့တစ်တွေလည်းခဏနေအိပ်တော့မှာ.."

"ဟုတ်ကဲ့..အမေ.."

ယောက္ခမကြီးကသူ့အခေါ်အဝေါ်ကိုသဘောကျသွားဟန်နှင့်သူ့အားပြုံးပြကာ..အခန်းထဲသို့စောင်ယူရန်ဝင်သွားခဲ့သည်...

ဗိုက်မှအဆက်မပြတ်အသံထွက်လာမှုကြောင့်..အိမ်နောက်ဖေးရှိထမင်းဝိုင်းသို့Maidတစ်ယောက်နှင့်အတူရောက်သွားရသည်..

"အိမ်ကလူတွေကထမင်းအကုန်စားပီးကြပီဆိုတော့..ဟင်းကမကျန်တော့ဘူး.မုန်လာဥစိမ်ကင်ချီရှိတယ်...စားရောစားနိုင်ပါ့မလား...."

So Far Away(ငြိတွယ်ခြင်း)[Complete]Opowieści tętniące życiem. Odkryj je teraz