အပိုင်း-၁၀

2.8K 252 15
                                    

အခြားတစ်ယောက်နဲ့ဖက်နေတဲ့မောင့်ဓာတ်ပုံတွေကြောင့်ငိုနေရမှာလား..
မောင့်အပြုံးတွေတောက်ပနေတာကြောင့်ပျော်နေရမှာလား..

"ဟင်း.."

သက်ပြင်းတစ်ချက်ချကာ..
အမည်မသိContactမှပို့လာသော..
လီဆာ့အားအနောက်မှဖက်ထားသောမင်အာနှင့်ပုံတို့အားDeleteချကာ..ဖုန်းနံပါတ်အားblockလိုက်သည်..

မောင့်ကိုယုံချင်တယ်မောင်ရယ်..

ထိုသို့ပုံတို့လောက်နှင့်တော့သူမ၏မောင်နှင့်ပြဿနာဖြစ်မည်မဟုတ်..ဂျဲန်းနီကင်ကအရမ်းနားလည်ပေးတတ်တဲ့သူလေ..

ဘေးရှိလီဆာကတော့အပူအပင်အကင်းကင်းဖြစ်အိပ်ပျော်နေသည်ကြောင့်Bangကပ်နေသောနဖူးပြင်အားဖိကပ်နမ်းလိုက်ပြီး....
တစ်ပတ်စာအတွက်ဈေးသွားရန်ပြင်ဆင်တော့သည်....

~~~

"Honeyရေ..."

ဧည့်ခန်းမှအော်သံကြောင့်စားပွဲပေါ်တွင်ပန်းကန်များအားစီနေရင်းမှ..ရေစိုနေသောလက်အားသုတ်ကာဧည့်ခန်းသို့ပြေးထွက်သွားလေသည်...

ဗိုက်ကိုကိုင်ကာသူမအားPuppy Eyeနှင့်ကြည့်နေသည့်သူမ၏မောင်..

"မောင်..တစ်ခုခုဖြစ်လို့လားဟင်.."

"ဗိုက်အရမ်းအောင့်တယ်လို့..အဟင့်.."

ပြောရင်းဆိုရင်းငိုချကာပြောလာသည်ကြောင့်ဂျဲန်းနီလန့်သွားကာ..သူထိုင်နေသောဘေး၌ထိုင်လိုက်တော့..
ပုခုံးပေါ်မှီလာသည့်လီဆာ၏ခေါင်းလေး..

"Period timeရောက်နေပီမလား..မနေ့ကလည်းကြက်အစပ်ကြော်တွေစားထားတယ်လေ.."

"တကယ်အရမ်းအောင့်တာဘဲ.."

"အခန်းထဲဝင်နားနေနော်..Honeyတွဲပေးမယ်"

အရပ်ရှည်ရှည်သူအား..ဂျဲန်းနီကတွဲကာ..အခန်းထဲပို့ပေးပြီး..စောင်ခြုံပေးလိုက်သည်..

"ခဏလေးနော်..honey..ရေနွေးအိတ်ယူပေးမယ်.."

"အင်း..မြန်မြန်လာနော်.."

"ဟုတ်ကဲ့..."
.
.
.
"အရမ်းအောင့်နေလားဟင်.."

"အင်း..မောင့်ကိုဖက်ထားပေးပါလားဟင်.."

So Far Away(ငြိတွယ်ခြင်း)[Complete]Tahanan ng mga kuwento. Tumuklas ngayon