Extra-3

3.9K 292 12
                                    

"Ya..လီဆာ..ငါတို့ဒီဘက်မှာ.."

DJအသံများကြောင့်မကြားရသော်လည်းဘဲ.စကားပြောသည်ကိာ.
ပါးစပ်လှုပ်ပုံနှင့်ခန့်မှန်းလိုက်သည်..
စားပွဲတစ်ခုတွင်ထိုင်နေသည့်ဂျိူအီနှင့်ချယ်ယောင်းဆီတန်းတန်းမတ်မတ်သွားလိုက်သည်..
လမ်းတစ်လျှောက်တွင်လည်းမပေါ့်တပေါ်ဖြင့်ဝတ်ထားသောကောင်မလေးများအားအကြည့်လွှဲရင်းပင်...

သူ့Honeyကိုသစ္စာမဲ့သလိုကိစ္စအားနည်းနည်းမှမလုပ်ချင်ပါ..သူကိုယ်တိုင်လည်းကင်ဂျဲန်းနီကလွဲရင်ဘယ်သူမှစိတ်မဝင်စား...

"ဘယ်လိုအလိမ်ဇယားများသုံးခဲ့တာလဲ.."

"ငါ့ကငါ့မိန်းမကိုလိမ်စရာလား...အရက်သောက်မယ်လို့ဘဲပြောပြီးClubသွားဖို့ကိစ္စချန်ပြောခဲ့တယ်.."

ဂျိုအီ၏အမေးကိုရေတစ်ခွက်သောက်ကာအမောဖြေရင်း..လီဆာပြန်ပြောသည်..

"နင်တို့ကလည်း..အရက်သောက်တာဘာလို့Clubကိုခေါ်ရတာလဲ...barတစ်ခုခုဆိုတောင်အဆင်ပြေတယ်.."

"ဒီက..နိုင်ငံခြားပြန်လေးက..လူဖြူမလေးတွေကိုဘဲငမ်းလာရတော့..Koreaကစော်လေးတွေကိုငမ်းချင်လို့..."

"နှာဘူးမ.."

ချယ်ယောင်း၏စကားသံထွက်ပေါ်လာသည်နှင့်ဂျိုအီကပုခုံးတစ်ချက်တွန့်ပြသည်...

"ဟဲ့..Clubရောက်ပြီး...လိမ္မော်ရည်သောက်နေကြတာလား.နင်တို့နှစ်ယောက်ကိုဒီခေါ်တာ..အရက်သောက်ဖို့နော်.."

"ငါ့အိမ်သူလေးကအရက်သောက်တာမကြိုက်ဘူးဟ..."

"ရည်းစားမရှိတဲ့နင်ကဘယ်လိုသိမလဲ...လီဆာ..သူ့ကိုထားလိုက်စမ်းပါ.."

လီဆာ့အပြောအားချယ်ယောင်းကတုန့်ပြန်ကာပြောသည်ကြောင့်ဂျိုအီမျက်နှာသည်သုန်မှုန်သွားလေသည်...

"မသောက်ရင်..နင်တို့ကိုအိမ်ပြန်ခွင့်မပေးဘူး"

မရမကမသောက်ရင်ထသတ်မည့်အနေအထားနှင့်အရက်အားတိုက်နေသည်မို့..ချယ်ယောင်းနဲ့လီဆာမှာသူ့အလိုတိုင်းသာသောက်ပေးလိုက်ရသည်..

"ဟဲ့..ငါပြန်မှဖြစ်မယ်..မ'ကနေမကောင်းဘူးဟ..စောစောပြန်မယ်လို့ပြောခဲ့တာ..သွားပြီ.."

So Far Away(ငြိတွယ်ခြင်း)[Complete]Where stories live. Discover now