Chapter (1) ပျော်ရွှင်စရာ ပြန်လည်မွေးဖွားခြင်းဖြစ်ပါစေ

2.4K 197 8
                                    

Unicode

ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သရဲသာသိနိုင်လိမ့်မည်။

Dudley လှေကားပေါ်တွင်ခုန်ပေါက်နေတာကြောင့် အိပ်ရာခင်းပေါ်ဖုန်မှုန့်တွေကျလာချိန်တွင် Harry အနှီရင်းနှီးသည့် အခန်းငယ်လေးကို မှင်တက်စွာကြည့်နေမိသည်။

ဒီနေရာက Surreyမြို့၊ Little Whingingရပ်ကွက်၊ Privet Driveလမ်း ၊ အမှတ်(၄)နေ အိမ်လှေကားအောက်က ဗီရိုခန်းဆိုတာ သံသယဖြစ်စရာတောင်မလိုဘူး။ ဒါပေမယ့်...သေစမ်း၊ ငါဘယ်လိုလုပ် ဒီနေရာမှာနိုးလာရတာလဲ။

'ငါ Voldemortရဲ့ Avada Kedavraကျိန်စာနဲ့ နောက်ဆုံး တိုက်ခိုက်နေတာ သေချာမှတ်မိပါတယ်'

"ထတော့ ကောင်လေး !"

ဗီရိုခန်းတံခါးကို အသံကျယ်ကျယ်နှင့်ခေါက်ပြီး မကြားရတာကြာပြီဖြစ်သည့် အဒေါ် Petuniaရဲ့ အော်သံအပြင်ဘက်ကနေထွက်လာခဲ့သည်။

"မြန်မြန်ထွက်လာပြီး baconကိုလာကြည့်ပေးဦး၊ Dudley မွေးနေ့မှာ အရာအားလုံးချောချောမွတ်မွတ်ပဲ ဖြစ်စေချင်တယ်၊ အပျင်းထူမနေနဲ့"

"ဟုတ်ကဲ့ အဒေါ် Petunia-"

Harry မရေမရာနှင့်သာပြန်ဖြေပြီး မျက်မှန်ကိုပင့်တင်ကာ မီးဖိုချောင်ထဲဝင်လိုက်သည်။

'ဒါမှမဟုတ် ငါကျိန်စာတစ်ခုခုနဲ့ ထိသွားလို့များလား'

Harry ကျက်သွားတဲ့အသားပြားကို ပန်းကန်ထဲထည့်လိုက်ပြီး တွေးနေမိသည်။

'ဒါတတိယနှစ်တုန်းက Hermioneရဲ့အချိန်ခရီးသွားစက်ကို သုံးလိုက်သလိုပဲ၊ ဒါပေမယ့် အဲ့စက်က ဒီလိုအချိန်အကြာကြီးရွှေ့လို့ရလား မသိ--'

"နင် ဒါလေးတောင်အသုံးမကျဘူးလား" အဒေါ် Petuniaကမကျေမနပ်ဆိုလာပြီး

"ငါပဲလုပ်လိုက်တော့မယ်၊ တကယ်ပဲ အခုချိန်ထိကို ပြဿနာတွေရှာနေတုန်းပဲ"

Harry သတိပြန်ဝင်လာတော့ ဦးလေးVernonနဲ့ အဒေါ် Petuniaရဲ့ ဒေါသထွက်နေတဲ့မျက်နှာတွေနဲ့ Dudleyရဲ့ မကျေမနပ်ဖြစ်နေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရသည်။

"တောင်းပန်ပါတယ်..."

"ငါ မင်းကိုသတိပေးထားတယ်နော်" ဦးလေးVernonကစိုက်ကြည့်ရင်း

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now