Chapter (35) Harry Potterက Slytherin ဆက်ခံသူ?

748 107 8
                                    

Unicode

တနင်္လာနေ့မနက်တွင် Colin အတိုက်ခိုက်ခံရသည့်သတင်းဟာ Hogwartsတစ်ကျောင်းလုံးအနှံ့ ပျံ့နှံသွားခဲ့သည်။ Harryလည်း နောက်ဆုံးမှာတော့ Ginnyနှင့် စကားပြောဖို့ အခွင့်အရေးရလာခဲ့လေပြီ။

"ဟိုင်း Ginny"

မှော်ဂါထာအတန်းအပြီး အခန်းထဲမှထွက်လာသော Ginnyကိုလှမ်းခေါ်ကာ စကားစမြည်ပြောဖို့လုပ်သည်။

"မင်းအဆင်ပြေရဲ့လား?"

စိတ်တွေကယောက်ကယက်ဖြစ်နေသည့် မိန်းကလေးဟာ မျက်နှာတွေနီရဲပြီး ရှက်သွေးဖြာသွားကာ ခက်ခက်ခဲခဲနှင့် ခေါင်းညိတ်ပြလာ၏။

"မကြောက်ပါနဲ့၊ Ronပြောတာ မင်းနေလို့မကောင်းဘူးဆိုလို့"

Harryက ဖော်ဖော်ရွေရွေပဲ ပြောလိုက်သည်။

"မင်းသိတယ်မလား၊ မင်းအမေက ငါ့ကို မင်းရဲ့အစ်ကိုတွေလိုပဲ တန်းတူဆက်ဆံတယ်လေ"

"အမေက အစ်ကို့ကို အရမ်းသဘောကျတာ..."

Ginnyက သိမ်သိမ်မွေ့မွေ့လေး ပြန်ပြောလာသည်။

"ဒါကြောင့် မင်းအစ်ကိုတွေလိုပဲ ငါ့ကိုလည်း ယုံကြည်ပေးလို့ရတယ်။ အကြောင်းတစ်ခုခုရှိတယ်ဆိုရင် ငါ့ကိုလာပြော ဟုတ်ပြီလား?"

Ginnyက တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ချီတုံချတုံဖြင့် ခေါင်းညိတ်ပြလာလေ၏။

"ကဲ ဒါဆို ဟောခန်းမထဲ မြန်မြန်သွားကြရအောင်"

Harryက ပြုံးပြပြီး စင်္ကြံလမ်းတစ်လျှောက် Ginny ဘေးမှအတူလိုက်ပါပို့ဆောင်ပေး၏။

"ဒါနဲ့စကားမစပ် မင်း ခရစ္စမတ်ပိတ်ရက် အိမ်ပြန်မှာလား? မင်းတို့မိသားစု အီဂျစ်မှာနေတဲ့ Billဆီ သွားလည်ကြမယ်လို့ကြားတယ်"

"ကျွန်မက ကျောင်းမှာပဲနေခဲ့မှာ"

Ginnyက တိုးတိုးလေးပြောလာ၏။

"အဲ့တာလည်း ကောင်းတာပဲ၊ ငါတို့ အဖော်ပိုရတာပေါ့"

Harryက ပြုံးလျက်ပင် Ginnyကို ဟောခန်းမထဲဦးဆောင်ခေါ်သွားပြီး Weasley ညီအစ်ကိုတွေထိုင်နေသည့် နေရာအလယ်တွင် ထိုင်ခိုင်းလိုက်သည်။ Ginnyက ခါတိုင်းနှင့်မတူ စိတ်ရွှင်လန်းသည့်ပုံပေါ်နေသဖြင့် Fredနဲ့ Georgeတို့အသီးသီး ခေါင်းတွေခါလိုက်ကြပြီး

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now