Chapter (48) Harry Potterရဲ့ ချစ်သူကောင်မလေး?

673 82 10
                                    

Unicode

Harryဟာ အတူခဏကြာကြာနေပေးပြီး မှိုင်တွေနေပုံပေါ်တဲ့ Dracoကို ဟိုဟိုသည်သည် အကြောင်းအရာတွေ တစ်ခုပြီးတစ်ခု ပြောင်းပြောပေးနေသည်။

"...အရင်ဘဝတုန်းက အခုလိုအချိန်မှာ-- မဟုတ်သေးဘူး နည်းနည်းစောလောက်တဲ့အချိန်မှာ မင်း ငါနဲ့ Ronကို လှောင်ဖို့အတွက် အခန်းထဲအထိတောင် ရောက်လာသေးတယ်"

Harryက ပြောရင်းပြုံးလိုက်မိသည်။

"စကားမစပ် ဟုတ်သားပဲနော်၊ နှစ်တိုင်းလိုလို ရထားပေါ်မှာ မင်းငါ့ကို ရန်လာစဖို့အတွက် တစ်ခါမဟုတ်တစ်ခါ ရောက်ရောက်လာတယ်"

"ငါက မင်းနဲ့စကားပြောချင်လို့ပါ"

Dracoက Harryရဲ့ဆံပင်လေးကို လက်နှင့်ဖွပေးနေရင်း ထိုအမြဲရှုပ်ပွနေတတ်တဲ့ ဆံနွယ်လေးတွေက ဘာလို့ထိလိုက်တိုင်း အမြဲပျော့ပျောင်းနေရတာလဲလို့ စိတ်ထဲတွေးမိသည်။

"ဒါပေမဲ့ မင်းမြင်တဲ့အတိုင်းပဲ၊ ငါတို့ရဲ့ဆက်ဆံရေးက တတိယနှစ်မတိုင်ခင်တည်းက နှစ်နှစ်လောက် ဆိုးဆိုးရွားရွားဖြစ်နေတာဆိုတော့ ငါမင်းအပေါ် ဘယ်လိုကောင်းကောင်း ဆက်ဆံပေးရမှန်းတောင် မသိတော့ဘူး"

"ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဥပမာ မင်းငါ့အပေါ် လိုက်လှောင်ပြောင်တာကို စွန့်လွှတ်လိုက်သလိုမျိုးပေါ"

Harryက ထောက်ပြလာသည်။

"ဒါနဲ့ အဲ့အချိန်တုန်းက အခန်းထဲမှာ ဆရာတစ်ယောက်ရှိနေတယ်လို့ ကြားတာနဲ့ မင်းချက်ချင်းထွက်သွားတယ်မလား။ အဲ့တုန်းက မင်းရဲ့မျက်နှာအမူအရာက ဘယ်လိုပြောရမလဲ... ဒေါသထွက်ပြီးတော့ နည်းနည်းစိတ်ပျက်သွားပုံပဲ"

"ငါတို့ရဲ့ဆက်ဆံရေးကို ပြန်စဉ်းစားကြည့်ရမယ်ဆိုရင် ငါမင်းနဲ့ စကားပြိုင်များနေရတာကို ပျော်တယ်"

Dracoက အဲ့အချိန်တုန်းက သူကိုယ်တိုင်ရဲ့ စိတ်အနေအထားကို ပြန်တွေးလိုက်မိပြီး နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ ရယ်မိလိုက်သည်။

"မင်းတွေးကြည့်လေ ငါတို့မှာ တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင်ရန်စပြီး စကားများရန်ဖြစ်တာတွေ၊ မှော်ကြိမ်လုံးဆွဲထုတ်ပြီး ကျိန်စာတွေနဲ့ပစ်တာတွေ ဒါမှမဟုတ် မက်ဂယ်တွေလိုမျိုး လက်နဲ့တိုက်ခိုက်တာတွေအပြင် ငါတို့ဘယ်လိုမျိုး အဆက်အဆံရှိသေးလို့လဲ? အရင်ဘဝက အဲ့အချိန်မှာ ငါမင်းနဲ့ ခဏလောက်လေးပဲဖြစ်ဖြစ် စကားပြိုင်များပြီးငြင်းခုံချင်တာ ဒါပေမဲ့ အဲ့နေရာမှာ Professorတစ်ယောက် ရှိနေတယ်တဲ့! တကယ်ပဲ ငါဒေါသထွက်ပြီး ခံပြင်းသွားရတာပေါ့"

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now