Chapter (27) မထင်မှတ်ထားသည့် ဖိတ်ခေါ်မှု

781 126 23
                                    

Unicode

ထိုအပတ်တနင်္ဂနွေနေ့တွင် Dracoက Portkeyနှင့် Malfoyစံအိမ်တော်သို့ ပြန်သွားသည်။ နောက်အပတ် ဗုဒ္ဓဟူးနေ့တွင် Mrs. Weasleyက Harryနဲ့ အခြားသူတွေကို မနက်စောစောလာနှိုးသည်။ အလျင်စလို မနက်စာစားသောက်ပြီးနောက် သူတို့အားလုံး မီးလင်းဖိုရှေ့တွင်စုဝေးလျက် ထွက်ခွာရန် အသင့်ပြင်နေကြသည်။ Harryက Flooအမှုန့်နှင့် ခရီးသွားရသည်ကို မနှစ်သက်သဖြင့် အနောက်ဘက်ခြမ်းတွင် ရပ်နေသော်လည်း Mrs. Weasleyက နွေးနွေးထွေးထွေးနှင့် သူ့ကိုအရင်သွားရန် ပြောလာပြီး Flooအမှုန့်ကို ဘယ်လိုအသုံးပြုရသည်ကိုလည်း ကြင်ကြင်နာနာဖြင့် ရှင်းပြလာသည်။ အရင်ဆုံး Ron ထွက်သွားပြီးနောက် Harryမှာ ရွေးချယ်စရာမရှိတော့ဘဲ မီးလင်းဖိုထဲရပ်လိုက်ပြီး Flooအမှုန့်ကို လက်တစ်ဆုပ်စာဆုပ်ကိုင်ကာ Weasleyမိသားစုတွေ စိတ်အားထက်သန်စွာနှင့် တစ်ယောက်တစ်မျိုးစီ သတိပေးမှာကြားနေသည့်အတွက် ဇောချွေးပင်ပြန်လာရသည်။ အစိမ်းရောင်မီးတောက်တွေ ပတ်လည်ဝန်းရံလာချိန်တွင် သူဟာအတိတ်ဘဝမှ အတွေ့အကြုံကို ပြန်သတိမရဘဲမနေနိုင်၍ တစ်ခဏမျှ သတိလွတ်ဖြစ်သွားရကာ ပါးစပ်ထဲ မီးခိုးမှုန့်တွေရှူသွင်းမိသွား၏။

"အာ့!"

Harryဟာ မာကြောသည့် ကျောက်ခင်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာရပြီး သူ့မျက်မှန်သည်လည်း ကွဲအက်သွား၏။ တစ်ချိန်တည်းမှာပင် ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရပြီး တစ်ကိုယ်လုံးတွင်လည်း မီးခိုးမှုန့်တို့ အလူးလူးပေကျံသွားရသည်။

"ထပ်ပြီးတော့လား... Flooအမှုန့်နဲ့ သွားရတာကို တကယ်သဘောမကျဘူး..."

Harryဟာ ခက်ခက်ခဲခဲ ကုန်းထလိုက်ပြီး ကြမ်းပြင်နှင့်ဆောင့်မိ၍ နာသွားသည့်နှာခေါင်းကို ဖွဖွလေးပွတ်သပ်ကာ ဟိုဟိုသည်သည် လျှောက်ကြည့်နေသည်။ မြင်ကွင်းထဲမှ အရာဝတ္ထုတော်တော်များများဟာ သူနှင့်ရင်းနှီးပြီးသားဖြစ်နေသည်။ သွေးစွန်းနေသည့် ကစားစရာကဒ်များ၊ မလှုပ်မယှက်စိုက်ကြည့်နေသည့် ဖန်မျက်လုံးတစ်လုံး၊ လူဦးခေါင်းခွံတွေနဲ့...

တဖြည်းဖြည်း Harryရဲ့အကြည့်တွေဟာ ကြီးမားတဲ့အနက်ရောင် ဗီရိုကြီးတစ်လုံးဆီရောက်သွားရာ သူ၏စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလိုက်ပြီး ဆိုင်တံခါးဝကို လှမ်းကြည့်လိုက်သည်။ Dracoနှင့် သူ့အဖေ Lucius Malfoyတို့ ဝင်လာသည်ကိုမြင်တော့ အဝတ်တွေကိုဖုန်ခါကာ ထိုဗီရိုကြီးထဲဝင်ပုန်းလိုက်ပြီး ဗီရိုတံခါးကို အကွာအလပ် အနည်းငယ်ဟထားသည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now