Chapter (38) Ginny လျှို့ဝှက်ခန်းထဲခေါ်သွားခံရပြီ

913 113 19
                                    

Unicode

နောက်ဆုံးမှာတော့ Harry ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ခဲ့လေပြီ။ Voldermortလည်းမရှိ၊ ဗီရိုခန်းဆိုတာလည်းမရှိတော့သလို၊ အိမ်မက်ဆိုးတွေလည်းမရှိတော့။ နောက်ဆုံးတွင် Harry မျက်လုံးတွေပြန်ဖွင့်လာတော့ တစ်ယောက်ယောက်က သူ့မျက်နှာကို ရေစိုအဝတ်နှင့်သုတ်ပေးနေပြီး သူနိုးလာတာမြင်တော့ သူ့ကိုမျက်မှန်တပ်ပေးလာသည်။

"ကျေးဇူးပဲ Draco"

မျက်လုံးတွေမှိတ်ထားရင်တောင် ထိုသူဘယ်သူလဲဆိုတာ Harryသိနေတာကြောင့် မျက်လုံးတောင်လှည့်မကြည့်ပဲ သူ့​ဘေးကသူကို Harry နှုတ်ဆက်လိုက်သည်။

"ငါ ဒီကို မနက်အစောကြီးတည်းကရောက်နေတာ"

Dracoရဲ့အသံက Harry နားထဲဝင်လာသည်။

"မင်းငါ့ဘက်ကို လှည့်တောင်မကြည့်တော့ဘူးလား"

Harryက နှုတ်ခမ်းကိုမဲ့ရွဲ့ကာ Draco ရှိတဲ့ဘက်ကို ဖြည်းဖြည်းချင်းခေါင်းလှည့်လာ၏။ ဆေးရုံခန်းပြတင်းပေါက်မှ နွေးထွေးတဲ့နေရောင်ခြည်ဟာ အတွင်းထဲသို့ဖြာကျလျက်ရှိနေပြီး တောက်ပသည့်နေရောင်အောက်တွင် Dracoဟာ ဘယ်ဘက်ခြေထောက်ပေါ် ညာခြေချိတ်လျက်ထိုင်နေပြီး ပေါင်ပေါ်တွင်လည်း စာအုပ်တစ်အုပ် ဖွင့်ထားလျက်သားရှိနေသည်။ ထို့နောက် သူဟာ ညာဘက်ဒူးခေါင်းပေါ် ညာတံတောင်တင်ပြီး လက်ပေါ်မေးတင်ကာ သူ့ကိုကြည့်ရင်းပြုံးပြလာသည်။ Harryမှာ ခဏတာလောက်မျှ ထိုသူကို အဓိပ္ပါယ်မဲ့စွာ ငေးကြောင်ကြည့်မိသွားသည်။

"ဒီနေ့ အတန်းတက်စရာမရှိဘူးလား?"

တစ်အောင့်လောက်ကြာတော့ Harryမေးလိုက်သည်။

"Professor Dumbledoreရဲ့ အထူးခွင့်ပြုချက်နဲ့ ကျောင်းမပြီးခင်အထိ Mr. Draco Malfoyက Harry Potter နေမကောင်းဖြစ်တိုင်း အချိန်မရွေး အဖော်ပြုစောင့်ရှောက်ပေးနိုင်တယ်တဲ့"

Dracoက ပုခုံးတွန့်လိုက်ပြပြီး

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ရမယ်"

"ဒီစကားတွေ ဒုတိယနှစ်မင်းရဲ့ ပါးစပ်ပေါက်ကနေထွက်လာတော့ တကယ်ကိုပဲ....."

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now