Chapter (50) မှော်ဗေဒင်အတန်းမှ နိမိတ်ဆိုး

521 79 7
                                    

Unicode

Harryဟာ ဟောခန်းမကြီးထဲမှ ထွက်လာပြီးနောက် Draco တစ်ယောက်တည်း ထွက်လာတာမဟုတ်ဘူးဆိုတာ တွေ့လိုက်ရသည်။ Dracoနှင့် သိပ်မလှမ်းမကမ်းနေရာတွင် Ginnyကပါ အတူလိုက်ပါလာပြီး သူတို့နှစ်ယောက်ဟာ ထောင့်တစ်နေရာကိုရောက်တော့ ခြေလှမ်းတွေရပ်သွားကြသည်။ Harryလည်း ဘာရှည်ရှည်ဝေးဝေးမှ စဉ်းစားမနေတော့ဘဲ ခိုးနားထောင်ဖို့ ဆုံးဖြတ်လိုက်၏။

"Harryက မင်းကိုစကားပြောပေးဖို့ ငါ့ကိုပြောထားတယ်"

Draco ပြောလာတာကို Harry ကြားနေရသည်။

"မင်း အဆင်ပြေရဲ့လား? Harryပြောတာ မနေ့တုန်းက ဝိညာဉ်စုပ်ကောင်ကြောင့် မင်း ကြောက်စရာကိစ္စတွေကို ပြန်သတိရနိုင်လောက်တယ်တဲ့"

"ဟုတ်တယ် တကယ်ကို ကြောက်ဖို့ကောင်းတယ်"

Ginnyက အသံနိမ့်နိမ့်နှင့် ပြောလာ၏။

"Harryရော ဘယ်မှာလဲ? သူ အဆင်ပြေရဲ့လား?"

"သိပ်လည်း အဆင်ပြေနေတယ်မဟုတ်ပါဘူး"

Dracoက သက်ပြင်းချလိုက်မိသည်။

"မင်းကို... အမ်...စကားပြောပေးဖို့ ဒါမှမဟုတ် တစ်ခုခုလိုအပ်သေးလား?"

"ကျေးဇူးပါ။ ညီမကို စောင့်ကြည့်ပြီးဂရုစိုက်ပေးလို့ ကျေးဇူးပါ Draco"

Ginnyက သိမ်မွေ့စွာ ပြုံးပြလိုက်သည်။

"Hermioneက ညီမကို အစောကြီးထဲက စကားပြောပြီး နှစ်သိမ့်ပေးပြီးပါပြီ... ပြီးတော့ Harryကိုလည်း သေချာပေါက် ကျေးဇူးတင်ရမှာပေါ့"

"သူက မင်းအပေါ်ဂရုစိုက်ပါတယ်။ မင်း အဆင်ပြေနေတယ်ဆိုလည်း ကောင်းတာပေါ့"

Dracoက ပြောလာ၏။

"ညီမ အဆင်ပြေပါတယ်"

Ginnyက အမှန်အကန်ပဲ ပြောလိုက်သည်။

"ပြီးတော့ ညီမ Leaky Cauldronမှာတုန်းက ပြောခဲ့တဲ့ Harryက ညီမရဲ့စံပြပုဂ္ဂိုလ်ဆိုတဲ့အတိုင်း ညီမကိုယ်တိုင်လည်း ကြောက်ရွံ့ပြီး တွန့်ဆုတ်နေတာမျိုး အဖြစ်ခံမှာမဟုတ်ဘူး"

ထိုစကားဝိုင်းဟာ အချိန်ခဏတာ ရပ်ဆိုင်းသွား၏။ Harryဟာ အသက်ရှူအောင့်ထားမိပြီး လှုပ်တောင်မလှုပ်ရှားရဲနိုင်အောင် ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် Draco ပြောလာတဲ့စကားတွေကို ကြားလိုက်ရ၏။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now