Chapter (42) အဒေါ် Petunia?

632 93 2
                                    

Unicode

နွေရာသီကျောင်းပိတ်ရက် လေးပတ်မြောက်တွင် Harryဟာ မူလအစီအစဉ်မှာမပါတဲ့ အကြပ်အတည်းတစ်ခု ကြုံတွေ့ခဲ့ရသည်။

အဲ့ဒီနေ့တုန်းက Harryဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်နှင့် သူ့အခန်းလေးရဲ့တံခါးကို တွန်းဖွင့်လိုက်ချိန် မမျှော်လင့်ထားတဲ့ ဧည့်သည်တစ်ယောက်က သူ့အိပ်ရာပေါ်တွင် ထိုင်နေပြီး သူ့ကို မော့ကြည့်လာ၏။

"အ-အဒေါ် Petunia..."

Harryက ထစ်ထစ်အအနှင့် နှုတ်ဆက်လိုက်ပြီး သူ့မျက်လုံးတွေက အဒေါ် Petuniaလက်ထဲတွင် ကိုင်ထားတဲ့ ပစ္စည်းပေါ်သို့ အကြည့်ရောက်သွား၏။

"အဒေါ်..."

အဒေါ် Petuniaက သူမလက်ထဲမှဓာတ်ပုံကို လွှတ်ချလိုက်၏။ Harryဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး သူမရဲ့လက်ကို စိုက်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ဓာတ်ပုံကတော့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလောက်ပြီဟု တွေးရင်း Dracoရဲ့စာတွေကို သေတ္တာထဲ လုံခြုံစွာ ထည့်သိမ်းထားသည့်အတွက် အတော်လေး ကျေးဇူးတင်မိ၏။ သို့သော်လည်း သူထင်ထားသလို ဒေါသတကြီး ဆူပူကြိမ်းမောင်းသံ မကြားလာရသည့်အတွက် Harryဟာ စိတ်ထဲတွင် ထူးဆန်းစွာနှင့် ခေါင်းမော့ကြည့်လိုက်ရာ အဒေါ် Petuniaက အိပ်ရာဘေးစားပွဲပေါ်တွင် တင်ထားသည့် သူ့မိဘတွေရဲ့ဓာတ်ပုံကို စိုက်ကြည့်နေ၏။

ကဲ ကောင်းရော... အခု သူ တန်ဖိုးထားရတဲ့ အဖိုးတန်ဓာတ်ပုံနှစ်ပုံ ဆုံးရှုံးရတော့မယ်...

Harryဟာ အဒေါ် Petunia ဘာကြောင့် သူ့အခန်းထဲ ရုတ်တရက်ကြီး ရောက်နေရတာလဲဟု သိချင်စိတ်ပြင်းပြရင်း စိတ်တွေရှုပ်ထွေးလာတော့၏။

ဟုတ်ပြီ... အရင်ဆုံး စိတ်ကိုလျှော့ပြီး ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလိုက်။ ဓာတ်ပုံတွေက နောက်ထပ်ပြန်လုပ်လို့ ရတာပဲမလား?

Harryက တစ်ခုခုပြောမယ်အလုပ် အဒေါ် Petuniaက အရင်ထလာ၏။ ထို့နောက် သူမဟာ နှုတ်ခမ်းတင်းတင်းစေ့ပြီး Harryဆီသို့ လျှောက်လာကာ ကောင်လေးနှစ်ယောက် ရန်ဖြစ်နေတဲ့ ဓာတ်ပုံကို Harry လက်ထဲထိုးထည့်ပြီး သူ့ကို အားနှင့်တွန်းထုတ်ကာ အခန်းထဲမှ ထွက်သွားလေ၏။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now