Chapter (4) Hogwarts အဆောင်ခွဲအခမ်းအနား

1.2K 164 8
                                    

Unicode

မက်စောက်ပြီးကျဥ်းမြောင်းလှသည့် တောင်ဆင်းလမ်းလေးမှ Hagridဦးဆောင်သည့်နောက်သို့ လိုက်လာကြသည်။ Harryမှာ စာသင်နှစ်ခြောက်နှစ်တာ ဖြတ်သန်းခဲ့ဖူးတာကြောင့် ပထမနှစ်တုန်းကလို ဒယိမ်းဒယိုင်နှင့်မလျှောက်ရတော့ချေ။ အံ့သြစရာကောင်းသည်က Dracoဟာ Crabbeနဲ့Goyleကိုသူ့နောက်တွင်ထားပြီး Harryရဲ့အနီးတွင်ကပ်လျှောက်နေသည်။

'Crabbeနဲ့ Goyle ။ Malfoyက Crabbeနဲ့Goyleကို သူ့​နောက်မှာအမြဲခေါ်ထားတာ'

Harry ထိုရင်းနှီးနေသည့်မြင်ကွင်းကြောင့် စိတ်ထဲထူးထူးဆန်းဆန်းပျော်မိသွားသည်။

ကွေ့တစ်ခုကိုချိုးပြီးနောက် အရှေ့ဘက်တွင် သူနှင့်အကျွမ်းတဝင်ရှိလှသည့် Hogwartsကျောင်းတော်ကြီးကို​​လှမ်းမြင်နေရသည်။ Harry၏နှလုံးခုန်သံဟာလည်း ရုတ်တရက် တစ်စတစ်စမြန်ဆန်လာသည်။

"လှေတစ်စီးမှာ လေးယောက်ပဲစီးလို့ရမယ်"

Hagridကလှေတွေကိုညွှန်ပြရင်း အော်ပြောသည်။ Harryလည်း လှေပေါ်တက်လိုက်​တော့ Ron ၊ Hermioneနဲ့ Nevilleတို့လည်းနောက်ကတက်လာသည်။ Harryအနောက်ကိုမသိမသာလှည့်ကြည့်​ပြီး ခေါင်းကိုချက်ချင်းရှေ့သို့ပြန်လှည့်လိုက်သည်။ Draco Malfoyက သူတို့လှေပေါ်တက်လာဖို့လုပ်နေတာ Harryကျိန်ပြောရဲသည်။ နောက်​တော့ Malfoyက သူတို့ဘေးမှလှေတစ်စင်းပေါ်တက်ကာ Crabbeနဲ့ Goyleတို့နှင့်အတူထိုင်နေသည်။

Merlin!

Potterနဲ့ ရင်းရင်းနှီးနှီးနေနေတဲ့Malfoyက တကယ်ကို ကသိကအောက်နိုင်လွန်းသည်။

Harry စိတ်ညစ်ညစ်ဖြင့် ရေပေါ်သို့လက်ဆန့်ထုတ်လိုက်သည်။ ဒီရေကန်က သူ့ကိုအမှတ်တရတွေအများကြီး ပြန်သတိရစေသည်။ အထူးသဖြင့် Voldemortကိုပြန်အသက်သွင်းဖို့ ​မှော်မီးခွက်ထဲ နာမည်အထည့်ခံရသည့်အချိန်ကိုပေါ့။ ထိုအတိုင်းအတာလောက်အထိကို ပြောင်းလဲလို့ရပါ့မလားဆိုတာ Harryလည်းသေချာမသိပေ။ ညအချိန် တိမ်တိုက်တွေထဲအထိ ထိုးဖောက်နိုင်လောက်အောင်ကြီးမားတဲ့ရဲတိုက်ကြီးကို ငေးကြည့်ကာ ဒီနေရာတွင်တိုက်ပွဲ၏ရိုက်ခတ်မှုဒဏ်တွေ ဖြစ်လာမှာကိုတွေးမိရင်း မွန်းကြပ်သည့်ခံစားချက်တို့ဟာလည်း အရှိန်နဲ့ထိုးတက်လာ​လေသည်။ ထိုအချိန်တုန်းက Harryစိတ်ထဲတွင် Hogwartsအတွက် တိုက်ပွဲဝင်ပေးရန်စိတ်တစ်ခုသာရှိခဲ့သည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now