Chapter (13) မင်းဘာကြောင့် ပြန်မွေးဖွားလာရတာလဲ?

903 146 8
                                    

Unicode

'ကောင်းရော! သူတော်ကောင်းကြီး Potterက ငါ့ဆီဘာစာမှတောင်ပြန်မလာဘူး'

ဘဝင်မကျသည့်ခံစားမှုအပြည့်တို့ဖြင့် Dracoဟာ Hogwartsရထားပေါ်မှဆင်းလာပြီးချင်း ပထမဆုံးလုပ်သည့်အရာကတော့ Gryffindorမျှော်စင်ရှိရာသို့သွားပြီး Harryကိုသွားရှာနေခြင်းပင်ဖြစ်သည်။

ဘယ်လိုပင်စဉ်းစားစဉ်းစား အဖြေထွက်မလာသည့် ထိုစာ၏အဓိပ္ပါယ်ကို သူမေးကိုမေးရဦးမည်။ ထိုစာကိုစရလာတည်းက စာရဲ့ဆိုလိုရင်းအဓိပ္ပါယ်ကို စဉ်းစားလာခဲ့သည်မှာ အားလပ်ရက်တို့ကုန်ဆုံးသွားသည့်တိုင် ကယ်တင်ရှင်ကြီး၏ဦးနှောက်လည်ပတ်ပုံကို လုံးဝနားမလည်ခဲ့ချေ။ သူ၏မေးခွန်းများအတွက်အဖြေရနိုင်ရန် Harryနောက်ထပ်စာပို့လာချိန်ကို စောင့်နေခဲ့ပေမယ့်လည်း ရလဒ်ကတော့သိပ်မကောင်းလှချေ။ ဒီတစ်ခါတွင်တော့ ပေးပို့လိုက်သည့်ကိတ်မုန့်တွေအတွက်လည်း ပြန်စာရမလာသဖြင့် သူ့ရဲ့အမေကတောင် Mr. Potterက မုန့်တွေကိုခံတွင်းမတွေ့ဘူးလားဟုတောင် မေးလာခဲ့သည်။ သူ့အဖေကတော့ မျက်မှောင်ကြုတ်လျက်ပင် ထိုအပြုအမူဟာ လုပ်ထုံးလုပ်နည်းမကျဘူးဟု ပြောလာခဲ့၏။

'ဟုတ်တယ် လုပ်ထုံးလုပ်နည်းမကျဘူး!'

Dracoက ထိုမကျေနပ်ချက်တွေကို စိတ်ထဲတေးမှတ်ထားပြီး Gryffindorမျှော်စင်ဘက်သို့ ယုံကြည်မှုအပြည့်ဖြင့်သွားနေစဉ် တစ်စုံတစ်ယောက်ဟာ သူ့ရှေ့တွင်ပိတ်ရပ်လာလေသည်။

"Draco--"

"--Malfoy."

Weasley အမြွှာညီအစ်ကိုနှစ်ယောက်က သူ့နာမည်ကိုရှေ့နောက်ခွဲပြောလာကာ

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ!"

"အခု ဘယ်သွားမလို့လဲ?"

"Harryကိုလိုက်ရှာနေတာ သူ Gryffindorအဆောင်ထဲမှာရှိလား?"

Fredနဲ့ Georgeတို့က တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကာ

"ငါတို့ထွက်လာတုန်းကတော့ မတွေ့မိပါဘူး"

"ငါတို့ရဲ့ချစ်လှစွာသောညီငယ်လေးက ဟောခန်းမထဲအတင်းဆွဲခေါ်သွားတာပဲ ဖြစ်မယ်ထင်တယ်"

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now