Chapter (21) ကယ်တင်ရှင်ကြီး၏ စွန့်စားခန်းတစ်ထောင့်တစ်ဖြတ်

788 129 7
                                    

Unicode

ညနေခင်းအချိန်တွင်တော့ Hermioneဟာ Harryနဲ့ Ronတို့ရဲ့အခန်းထဲသို့ သတိထားလျက်ဝင်လာပြီး သူတို့သုံးယောက်သား အတူလူစုကြကာ ကိုယ်ပျောက်ဝတ်ရုံခြုံလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ Gryffindorမှ အမှတ်အများကြီး အနှုတ်မခံရသည့်အတွက်ကြောင့် နားနေခန်းထဲတွင် သူတို့ကို လာလာစကားပြောသည့်လူတွေ မရိပ်မိအောင်သတိထားရသည်မှာလည်း အတော်လေးကို အခက်တွေ့ခဲ့ရ၏။ သို့ပေမယ့် အဆိုးထဲက အကောင်းတစ်ခုကတော့ Hermioneက Nevilleကို ချုပ်နှောင်ဂါထာသုံးစရာမလိုတော့ဘဲ သူတို့အလွယ်တကူ အပြင်ထွက်သွားနိုင်သည်ပဲ ဖြစ်လိမ့်မည်။ သူတို့သုံးယောက်သား သတိကြီးကြီးထားလျက် အဆောင်ထဲမှတစ်ဆင့် Gryffindorမျှော်စင်ဘက်မှထွက်လာကြကာ တတိယအလွှာက စင်္ကြံလမ်းဆီသို့ရောက်လာကြလေသည်။

"Dracoရော? ငါသူ့ကို မတွေ့မိပါလား"

Harryက ဘယ်ညာတစ်ချက်ကြည့်လိုက်ကာ Draco ကိုယ်ယောင်ဖျောက်ဂါထာများ သုံးထားသလားဟုတွေးနေစဉ် တစ်နေရာမှ ချောင်းဆိုးသံကျယ်ကျယ် ကြားလာရ၏။ တံခါးတစ်ခုနောက်မှ ရွှေဖြူရောင်ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာပြီး Dracoဟာ ခေါင်းလေးပြူထွက်လျက် ဘေးပတ်ဝန်းကျင်ကို သတိနှင့်စစ်ဆေးကြည့်နေသည်။

"လာ သွားရအောင်"

Harryက ပြောလာ၏။

Gryffindorသုံးယောက်ဟာ တံခါးနောက်သို့ဝင်သွားကြပြီး Harryက ကိုယ်ပျောက်ဝတ်ရုံကိုချွတ်လိုက်ကာ Dracoကို နှုတ်ဆက်လိုက်သည်။

"အရာအားလုံးအဆင်ပြေရဲ့လား?"

"အင်း Filchတော့ တစ်ခါလာသွားသေးတယ် ဒါပေမဲ့ ငါ့ကိုမတွေ့လိုက်ဘူး။ မင်းတို့ရော?"

"ငါတို့လမ်းမှာ သရဲ Peevesနဲ့ တွေ့ခဲ့သေးတယ် ပြီးတော့ ငါ Bloody Baronလို ဟန်ဆောင်ပြီး သူ့ကိုထွက်သွားအောင်လုပ်လိုက်တယ်"

Harryက ပုခုံးတွန့်ကာပြောလိုက်ပြီး ကိုယ်ပျောက်ဝတ်ရုံကို Dracoအား ကမ်းပေးလာသည်။

"ငါပြောထားတာတွေကို မှတ်မိတယ်မလား?"

Dracoက ကိုယ်ပျောက်ဝတ်ရုံကို ယူလိုက်ပြီး စင်္ကြံလမ်းအဆုံးက အနည်းငယ်ဟနေတဲ့ တံခါးကိုလှမ်းကြည့်လိုက်သည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now