Chapter (51) မတော်မဆအနမ်းတစ်ခု

676 85 9
                                    

Unicode

ပထမဆုံး အသွင်သဏ္ဌာန်ပြောင်းအတန်းချိန်ဟာ Animagusအကြောင်း သင်ကြားရမည်ဖြစ်သည်။ Harryက စိတ်ဝင်တစားနှင့် လိုက်နားထောင်နေပြီး Professor McGonagall ကြောင်ပုံစံပြောင်းသွားတော့ လက်ခုပ်တီးလိုက်သည်။ သို့ပေမယ့် အခြားကျောင်းသားတွေက မရွှင်မပျဖြစ်နေကြသဖြင့် Professor McGonagallက မူလပုံစံပြန်ပြောင်းလိုက်ပြီး Harryအနားသို့ လျှောက်လှမ်းလာကာ ကျောင်းသားတွေအားလုံးကို အထူးတဆန်း ကြည့်နေသည်။

"ပြောကြပါဦး မင်းတို့ ဒီနေ့ဘာဖြစ်နေကြတာလဲ?"

Professor McGonagallက မေးလာသည်။

"သိပ်ကြီးကျယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ငါ့ရဲ့အသွင်ပြောင်းပညာကို လက်ခုပ်တီးအားပေးတဲ့သူ တစ်ယောက်တည်းပဲရှိတာ ဒါ ပထမဆုံးအကြိမ်ကြုံဖူးတာပဲ"

အတန်းထဲမှ ကျောင်းသားအားလုံး Harryကို ဝိုင်းကြည့်လာကြသဖြင့် Harryမှာ ကူကယ်ရာမဲ့ဖြစ်နေ၏။

သူက လက်နှစ်ဖက်ကို ဆန့်ကားလိုက်ပြီး

"Professor Trelawneyက ကျွန်တော့်ကို သေတော့မယ်လို့ ဗေဒင်ဟောပေးပြီး ကြိုဆိုလိုက်လို့ပါ Professor"

Professor McGonagallက Harryကို ကြည့်ပြီးရယ်လိုက်သည်။

"အဲ့တာကြောင့်လား? မင်းရဲ့ပုံစံကိုပဲ ကြည့်ပြီးပြောရရင် သေမယ့်သူက မင်းမဟုတ်လောက်ဘူး ထင်သွားတာ"

Harryသည်လည်းပဲ လိုက်ရယ်လိုက်၏။

Professor McGonagallက ကျောင်းသားတွေအားလုံးကို ကြည့်လိုက်ပြီး ပြောလာခဲ့၏။

"ကိုယ့်လုပ်ဖော်ကိုင်ဖက် မကောင်းကြောင်းပြောတာတော့ မဟုတ်ပေမယ့် Sybill Trelawney ဒီကျောင်းကိုစရောက်လာတည်းက နှစ်စဉ်နှစ်တိုင်း ကျောင်းသားတစ်ယောက် သေလိမ့်မယ်လို့ အမြဲဟောခဲ့တယ်။ ဒါပေမယ့် အဲ့လူတွေတစ်ယောက်မှ မသေသေးဘဲ အခုထိ ကောင်းကောင်းအသက်ရှင်လျက် ရှိနေသေးကြတုန်းပဲလေ။ နိမိတ်ဆိုးဖတ်တာကလည်း သူမရဲ့ ကျောင်းသားသစ်တွေကို ကြိုဆိုတဲ့နည်းတစ်မျိုးပဲ"

သူမက နှာခေါင်းရှုံ့လိုက်ပြီး

"ငါ့အမြင်ပြောရရင် မှော်ဗေဒင်ဘာသာရပ်က မတိကျဆုံး မှော်ပညာရပ်တစ်ခုပဲ။ ငါတော့ အဲ့ဗေဒင်တွေကို စိတ်လည်းမရှည်ဘူး။ သိထားရမှာက တကယ့် အနာဂတ်ကိုကြိုဟောနိုင်တဲ့သူတွေက အင်မတန်ကို နည်းပါးတယ်။ ပြီးတော့ Professor Trelawneyက..."

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now