Chapter (58) Halloween Trick

332 52 8
                                    

Unicode

နားနေခန်းသို့ပြန်သည့် လမ်းတစ်လျှောက်လုံး Harryဟာ လူတိုင်း၏ဝိုင်းစနောက်ခြင်းခံနေရသည်။ နားနေခန်းသို့ရောက်သောအခါ ကျောင်းသားတွေ တက်တက်ကြွကြွနှင့် Hogsmeadeအကြောင်း ဆွေးနွေးခန်းဖွင့်နေမှုတို့ဖြင့် Gryffindor Quidditch အသင်းသားများကို ကြိုဆိုလျက်ရှိသည်။ ကြော်ငြာဘုတ်ပေါ်မှ နောက်ဆုံးသတင်းအရ တတိယနှစ်ကျောင်းသားတွေဟာ Halloweenပွဲတော်နေ့တွင် ပထမဆုံးအကြိမ်အနေနှင့် Hogsmeadeသို့ ပိတ်ရက်အလည်အပတ် သွားခွင့်ရသည်ဟုဆို၏။

"ဂုဏ်ယူပါတယ်"

Harryတစ်ယောက် သက်ပြင်းသာချလိုက်ပြီး ကုလားထိုင်ပေါ်ပစ်ထိုင်ကာ သူရဲ့မပြီးပြတ်သေးသည့် ကြယ်တာရာပုံစာရွက်ကို လှမ်းယူလိုက်သည်။

"ကောင်းကောင်းပျော်ခဲ့ကြ သူငယ်ချင်းလေးတို့"

Harryရဲ့ပုံစံက ပျော်နေတာလား၊ စိတ်မကောင်းဖြစ်နေတာလား Hermioneတောင် မပြောတတ်တော့။ သို့ပေမယ့်လည်း ကျောင်းမှာနေကျန်ခဲ့သည့် တတိယနှစ်ကျောင်းသားဆိုလို့ Harry တစ်ယောက်တည်းသာရှိသည့်အတွက် Hermioneက သူ့ကိုအရင်နှစ်သိမ့်ပေးဖို့သာ ဆုံးဖြတ်လိုက်သည်။

"နောက်တစ်ခါတော့ နင်သေချာပေါက်သွားရမှာပါ Harry"

သူမကပြော၏။

"Blackကိုလည်း သိပ်မကြာခင် ဖမ်းမိကြတော့မှာပါ။ သူ့ကို တစ်ခါနှစ်ခါမြင်မိတဲ့သူတောင် ရှိနေပြီပြောနေကြတယ်"

"Oh တကယ်ဘာမှမဖြစ်ပါဘူး"

Harryက ပျင်းပျင်းရိရိနှင့် ပြန်ပြောလိုက်ပြီး Hermioneရဲ့ ကြယ်တာရာကားချပ်ကို တစ်ချက်လှမ်းကြည့်သည်။

"ဒီနှစ်မသွားရလည်း နောက်နှစ်ကျသွားရမှာပေါ့။ Hogsmeadeက ငါတို့ဆီကနေ ထွက်မပြေးပါဘူး ဟုတ်တယ်မလား?"

"ဒါပေမဲ့ ငါတို့မင်းကို တစ်ယောက်တည်းမထားခဲ့နိုင်ဘူး"

Ronက ပြောလာ၏။

"Professor McGonagallကို တစ်ခါလောက် သွားအကူအညီတောင်းကြည့်ပါလား Harry"

"ရလောက်မှာမဟုတ်ဘူး"

Harryက Ronကို သတိပေးလိုက်သည်။

"Professor McGonagall ဘယ်လောက်စည်းကမ်းကြီးပြီး တင်းကြပ်လဲဆိုတာသာ ပြန်စဉ်းစားကြည့်လိုက်။ စိတ်မပူပါနဲ့ မင်းတို့ပြန်ရောက်လို့ ငါ့ကိုအကြောင်းစုံပြန်ပြောပြပေးရင် ကျေနပ်ပါပြီ။ တကယ်ပါ"

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now