Chapter (3) ရထားပေါ်တွင် မိတ်ဆွေဟောင်းများနှင့်ပြန်ဆုံခြင်း

1.4K 169 21
                                    

Unicode

Dursleyတို့အိမ်တွင် နောက်ဆုံးတစ်လကို တစ်ခါမှမရှိဖူးသည့်လူလိုနေပြီးနောက် Harry ဆေးရည်ဖတ်စာအုပ်ကို ဖတ်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

"Wormwoodကိုအရည်ကျိုပြီးရတဲ့ဆေးရည်ထဲ Asphodelသစ်မြစ်မှုန့်ကိုထည့်လိုက်ရင် ဘာရမလဲ?"

"Bezoarကျောက်ကိုရှာခိုင်းမယ်ဆိုရင် ဘယ်မှာသွားရှာမလဲ?"

"Monkshoodနဲ့ Wolfsbaneက ဘာကွာခြားမှုရှိလဲ?"

အနည်းဆုံးတော့ ဒီမေးခွန်းသုံးခုကို ခေါင်းထဲစွဲနေအောင်မှတ်ထားရမည်။ Harry သူနဲ့Severus Snapeကြားက မပြေလည်သည့်ဆက်ဆံရေးနဲ့ အတွေးကြေးမုံထဲတွင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်များကိုပြန်တွေးနေမိသည်။ အတွေးတွေနယ်လွန်သွားပြီး သတိပြန်ဝင်လာချိန်တွင် လက်ထဲမှာကိုင်ထားသည့် ဆေးရည်ဖတ်စာအုပ်ရဲ့ လှန်ထားသည့်စာမျက်နှာဟာ တွန့်ကြေနေသည်ကိုသတိပြုမိလိုက်သည်။ Harry စာရွက်ကိုအလျင်အမြန် ပြန်ဖြန့်လိုက်သည်၊ မဟုတ်လျှင် Snape သူ့ကိုအမှတ်နှုတ်ဖို့ အကြောင်းပြချက်ဖြစ်သွားလိမ့်မည်။ တစ်ခါအနှုတ်ခံရလျှင် ထိုအမှတ်ကိုပြန်ရရန် လုံးဝမဖြစ်နိုင်ချေ။

Harry "သေဆုံးခြင်းနှင့်ရှင်သန်ခြင်းဆေးရည်" ဆိုသောစကားလုံးကိုဖတ်ပြီး ဒါဟာအားပြင်းသည့် အိပ်ဆေးတစ်မျိုးဟု ရေရွတ်နေသည်။ ထိုအချိန် Hedwig အပြင်မှပြန်ရောက်လာပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် သူမ၏အတောင်ပံများကိုဖြန့်ရင်း ကြွက်သေတစ်ကောင်ကို ကြမ်းပြင်ပေါ်ပစ်ချလာသည်။ Harry ကုတင်ပေါ်မှထကာ Hedwig၏ခေါင်းလေးကိုပုတ်ပေးလိုက်သည်။

"အရာအားလုံးဘာဖြစ်မယ်ဆိုတာသိတဲ့အတွက် ငါတို့အတွက်တစ်ပန်းသာနေတယ်မလား၊ ဒါဆို ဒီအနာဂတ်ကရော ပြောင်းလဲသွားမယ်လို့ထင်လား?"

Hedwigက သူမ၏အမွေးတွေကို နှုတ်သီးနဲ့ဆိတ်ပြီး တက်ကြွစွာနဲ့ပြန်အော်ပြသည်။

Augustလ ၃၁ရက်နေ့ညနေတွင် ကံကောင်းထောက်မစွာနှင့် ဦးလေးVernonက Harryကိုလိုက်ပို့ပေးရန် သဘောတူလိုက်သည်။ သို့​ပေမယ့် Dudleyကအရမ်းကြောက်လန့်ပြီး အိပ်မက်ဆိုးတွေမက်နေသည့်အတွက် အပြင်မှာစိတ်ပြေလက်ပျောက်ဖြစ်စေရန်ဆိုသည့် အကြောင်းပြချက်ကြောင့်သာ လိုက်ပို့ပေးခြင်းဖြစ်သည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now