Chapter (33) သူငယ်ချင်း၈ယောက်အဖွဲ့ ဖြစ်လာခြင်း

750 109 6
                                    

Unicode

Dracoဟာ ရဲတိုက်စင်္ကြံလမ်းတစ်လျှောက် သူ့ကိုဆွဲခေါ်သွားသည့် Harryရဲ့ မြန်ဆန်တဲ့ခြေလှမ်းတွေနောက် အမှီလိုက်နေရသည်။ အခုလေးတင် Lockhartရဲ့ရုံးခန်းထဲမှာ စနောက်ခဲ့သည့်ကောင်လေးက ယခု လေးနက်သည့်မျက်နှာအမူအရာ ဖြစ်နေသောကြောင့် Draco စိုးရိမ်မိသွားသည်။ နောက်ဆုံးတွင် သူတို့ ကော်ရစ်တာထောင့်စွန်းတစ်နေရာရောက်တော့ Harryက ခြေလှမ်းတွေကိုရပ်ပစ်လိုက်သည်။

"အသံမကြားရတော့ဘူး"

နောက်ဆုံးတော့ Harryဆီမှ စကားသံထွက်လာပြီး Dracoဘက်ကို ခေါင်းလှည့်လိုက်သည်။

"ဘာလဲ ဘာဖြစ်တာလဲ? လျှို့ဝှက်အခန်းပွင့်သွားပြီဆိုတာ မင်းဘယ်လိုလုပ်သိတာလဲ?"

"မြွေဘာသာစကားနဲ့..."

Harryက သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး နံရံပေါ်လက်တင်လိုက်သည်။

"ငါ အဲ့ဒီသတ္တဝါကြီးရဲ့အသံကို ကြားနေရတယ်... လျှို့ဝှက်အခန်းပွင့်သွားပြီ Draco။ Mr. Malfoyက သူ ဘယ်သူ့ကိုဒိုင်ယာရီပေးခဲ့လဲဆိုတာ မင်းကိုပြောပြတယ်မလား?"

Dracoက ခေါင်းခါပြ၏။

"ငါမင်းကို အရိပ်အမြွက်ပေးမယ်ဆိုတာ ကြိုသိနေလို့ထင်တယ်၊ သူ ငါ့ကို ဘာမှမပြောပြဘူး"

"အဲ့တာဆိုလည်း ငါ Ginnyနဲ့ စကားပြောကြည့်မှဖြစ်တော့မယ်"

Harryက သက်ပြင်းအရှည်ကြီးချလိုက်ပြီး

"သွားရအောင် မင်းလည်းပင်ပန်းနေရောပေါ့"

"ငါ့ကို သေချာရှင်းပြပြီးမှသွားမယ်။ မင်းကိုယ်မင်း သတိထားမိလားတော့မသိပေမယ့်... Harry မင်းစိတ်ဆိုးနေသလိုပဲ"

Harry သူ့နဖူးကိုပွတ်လိုက်ပြီး သူ့ကိုအသေးစိတ်ကအစ လိုက်စောင့်ကြည့်နေတဲ့ Malfoyကို အသံတိတ်ကျိန်ဆဲလိုက်၏။

"ငါစိတ်ဆိုးတာ Ginnyက... ဘာပဲဖြစ်ဖြစ်... ငါထင်တာ ဒီတစ်ခါတော့ အဲ့လိုမျိုးထပ်မဖြစ်အောင် တားနိုင်ခဲ့ပြီထင်ထားတာ။ သေစမ်း... ငါ မင်းအိမ်ကိုရောက်ဖူးပြီးတော့ မင်းအဖေကလည်း ငါ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့ သူအဲ့လိုမလုပ်လောက်ဘူးထင်တာ"

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now