Chapter (32) လျှို့ဝှက်အခန်းပွင့်သွားခဲ့ပြီ

771 117 5
                                    

Unicode

Slytherinနဲ့ Gryffindor အသင်းနှစ်သင်းကြားတွင် အချင်းချင်း မသမာမှုအနည်းငယ်ရှိခဲ့သည့် ခင်မင်ရင်းနှီးတဲ့ Quidditchပြိုင်ပွဲလေးတစ်ခု ကစားခဲ့ကြသည်။

ထိုသတင်းဟာ အဏုမြူဗုံးပေါက်ကွဲသွားသကဲ့သို့ပင် Hogwarts ကျောင်းကြီးတစ်ခုလုံး ပြန့်နှံ့သွားခဲ့ပြီး Ravenclawနဲ့ Hufflepuff ကျောင်းသားအချို့က သူတို့ဆီပြေးလာကြကာ ထိုအကြောင်းများကို ပြောပြနေကြသည်။

"...ဒါပေမဲ့ သိပ်မကြာပါဘူး၊ ကစားပွဲပြီးပြီးချင်းမှာပဲ Woodနဲ့ Flintတို့ ထသတ်ကြတယ်တဲ့လေ"

တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည့် Slytherinနဲ့ Gryffindorနှစ်ယောက်မှာ ထိုစကားကြားတော့ မယုံနိုင်ဖြစ်နေသည့်မျက်လုံးများနှင့် တစ်ယောက်ကိုတစ်ယောက် ကြောင်ပြီးဆက်ကြည့်နေမိကြသည်။

"ဒီနှစ်တော့ ငါသေချာပေါက် Slytherinဆက်ခံသူလို့ သတ်မှတ်ခံရတော့မှာ မြင်ယောင်နေပြီ"

Harryက မှုန်ကုပ်ကုပ်နှင့်ဆိုလာ၏။

"ငါက Slytherinတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီးတော့ Slytherin ခေါင်းဆောင်ဆီကနေလည်း အကူအညီတွေရထားတော့ Gryffindorနဲ့ Slytherin Quidditchအသင်းတွေကို ခဏတာတော့ ငြိမ်းချမ်းရေးယူပေးထားနိုင်မယ်ထင်တယ်"

"ဉာဏ်မကောင်းတဲ့သူရဲ့ ရူးနေတဲ့ဦးနှောက်လေးကနေ ထွက်လာတဲ့အတွေးပါလား"

Dracoက ညင်ညင်သာသာ ပြောလာသည်။

"ဘာပဲဖြစ်ဖြစ်ပါ ငါမင်းကိုပြောထားရဦးမယ်။ အရင်ဘဝမှာတုန်းက မင်းက Slytherinဆက်ခံသူဆိုတာ ဘယ်Slytherinကမှမယုံခဲ့ဘူး"

"အင်းပါ အင်းပါ... Slytherin နားနေခန်းထဲမှာတုန်းကလည်း မင်း အဲ့ဒီဆက်ခံသူကိုရှာပြီး သူ့ကိုကူညီပေးဖို့ ဆန္ဒရှိတယ်လို့တောင် ပြောခဲ့တာပဲမလား..."

Harryက ငေါ့တော့တော့ပြောလိုက်သည်။

"မင်း ဘယ်လိုလုပ်သိတာလဲ!"

Dracoက Harryကို အံ့သြတကြီးနှင့်ကြည့်လာ၏။

"ဒီထက်ပိုသိတာတွေ အများကြီးရှိသေးတယ်"

Harryက ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံရိုက်ဟန်ဆောင်ရင်း

"Potter လက်မှတ်ထိုးပေးလို့ရမလား? Potter မင်းရဲ့ဖိနပ်ကို လျှက်ပေးလို့ရမလား..."

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now