Chapter (8) Quidditchပြိုင်ပွဲတွင် မထင်မှတ်ထားသည့်အခိုက်အတန့်

1K 147 21
                                    

Unicode

T/N: ဒီအပိုင်းရဲ့အောက်နားလေးမှာ Surpriseသေးသေးလေးပါတယ်နော်...😇

အချိန်တွေဟာ ကုန်ဆုံးသွားမှန်းမသိလိုက်ခင်မှာပဲ Quidditchရာသီထဲရောက်လာလေပြီ။ Harry ထင်ထားသည့်အတိုင်း သူSeekerအသစ်အဖြစ် ဝင်ကစားမည်ဆိုသည့်သတင်းဟာလည်း ပေါက်ကြားသွားခဲ့သည်။ သူ့ကိုမွေ့ရာနှင့် အောက်ကလိုက်ခံပေးဖို့ပြောတဲ့သူတွေရယ်၊ သူ့ကိုကစားပွဲမှာ အစွမ်းပြလိမ့်မယ်လို့ ပြောကြတဲ့သူတွေရယ်အစသဖြင့် ထိုအကြောင်းအရာသတင်းနှစ်မျိုးဟာ Hogwarts တစ်ကျောင်းလုံးပျံနှံ့နေလေသည်။ ထိုကဲ့သို့သောအချိန်မျိုးတွင် Hermioneက စာလုပ်ချိန်မှာ တင်းတင်းကြပ်ကြပ်နှင့်စီမံပေးသည့်အတွက် Harry တကယ်ကျေးဇူးတင်မိ၏။ သူ့ရဲ့အိမ်စာတွေကိုစစ်ဆေးပေးဖို့ သူမ ရှိတဲ့အတွက်လည်းအလွန်ဝမ်းမြောက်မိသည်။

Snapeက ခြေထောက်ထော့နဲ့ထော့နဲ့နှင့်ဖြစ်နေပြီး Harryရဲ့ Quidditchစာအုပ်ကိုသိမ်းသွားပြန်သည်။ Snape ဒဏ်ရာရသွားသည်ကိုတွေးရင်း Harryဘာလုပ်ပေးသင့်သည်ကို စဉ်းစားမရဖြစ်နေ၏။ သို့ပေမယ့် အဲ့ဒီလိုတစ်ခုခုလုပ်ပေးရင်လည်း Potterတွေကို ပိုကြည့်မရဖြစ်အောင်သာလုပ်မိလိမ့်မည်။ ထိုနေ့တုန်းက တစ္ဆေကောင်ကြီးကြောင့် Hogwartsတွင်ကျောင်းသားများအားလုံး ဝရုန်းသုန်းကားဖြစ်နေတုန်း Snape တတိယလွှာသို့ အပြေးအလွှားနှင့်ဦးတည်သွားတာကို တွေ့လိုက်သည်ဟု Ronက သူ့ကိုလျှို့လျှို့ဝှက်ဝှက်ဖြင့်ပြောလာခဲ့သည်။

"သူက ခေါင်းသုံးလုံးခွေးကြီးစောင့်ရှောက်နေတဲ့ပစ္စည်းကို စစ်ဆေးဖို့သွားတာဖြစ်မှာပေါ့။ အရေးကြီးတဲ့ပစ္စည်းမို့လို့ Dumbledoreက ဆရာတွေကို အဲ့တာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ပြောထားတယ်လို့ငါထင်တယ်"

"အဲ့ဒါဆို သူဘယ်လိုလုပ်ဒဏ်ရာရလာတာလဲ?"

"ခေါင်းသုံးလုံးခွေးကြီးက လူတိုင်းအပေါ်သဘောကောင်းပေးနိုင်မယ်ထင်လို့လား?"

Harryက မေးခွန်းပြန်မထုတ်နိုင်အောင်မေးလိုက်တော့ Ron သူ့ရဲ့စကားကိုလက်ခံသွားပုံပေါ်သည်။

Hermioneက Harryကိုကြည့်ရင်း ရုတ်တရက်ထပြောလာသည်။

"ထူးဆန်းလိုက်တာ"

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now