Chapter (7) တစ္ဆေကောင်ကြီးနှင့် ထပ်ရင်ဆိုင်ရပြန်သော Halloweenပွဲတော်နေ့

1K 143 11
                                    

Unicode

Halloweenပွဲတော်ဟာလည်း တဖြည်းဖြည်းနီးကပ်လာလေပြီ။ Harryအတွက်ကတော့ ဒီလိုအချိန်မျိုးဟာ အိပ်မက်တစ်ခုလိုပင်။ ထိုအိပ်မက်၏တစ်စိတ်တစ်ပိုင်းတွင် Draco Malfoyအပြင်...အင်း... Snapeဖြစ်ဖို့အထိကိုတော့ Harry မမျှော်လင့်ရဲသေးပေ။

Harry Potterကို အမှားလုပ်သည့်အချိန်မှသာ အပြစ်တင်ပြောဆိုပြီး ရံဖန်ရံခါမျှသာအမှတ်နှုတ်သည့် Severus Snapeကိုမြင်ယောင်ကြည့်မိလျှင် Harry အရင်က Voldemort၏ Avada Kedavraကျိန်စာနှင့် ထိမိတာကြောင့်သာ ဖြစ်သည်ဟုခံစားရလိမ့်မည်။ အရာအားလုံးဟာလည်း သေခြင်းတရားနှင့်နီးစပ်နေသည့် ပုံရိပ်ယောင်များကဲ့သို့ဖြစ်ပြီး သိပ်ကိုမှားယွင်းနေသည်ဟုခံစားရ၏။

ထို့အပြင် မှော်ကျောက်တုံးနှင့်ပတ်သက်ပြီး Harry ဘာမျှမပြင်ဆင်ရသေးပေ။ သို့ပေမယ့်လည်း ဒီကိစ္စဟာ ပြောင်းလဲ၍မရနိုင်ပဲ ကြိုတင်မှန်းဆပြီးသား ယေဘုယျလမ်းကြောင်းသာဖြစ်နေသည်။ Harry နေ့စဉ်သင်ကြားရသောစာများကိုသာ ပြန်လေ့လာပြီး အခွင့်သာရန်အချိန်ကိုစောင့်နေလိုက်သည်။

"Wingardium Leviosa "

Harry သူ၏လက်ကိုအသာဝေ့ယမ်းလိုက်ချိန် အနားတွင် Hermioneက Ronကိုအသံထွက်ပုံထွက်နည်း ပြင်ပေးနေသည်ကို ကြားရသည်။ သူ၏ငှက်မွေးကိုသာ ပျင်းပျင်းရိရိဖြင့် လေထဲသို့ပျံလွင့်အောင်လုပ်လိုက်ကာ ထိုအချိန် Professor Flitwick၏ချီးကျူးသံထွက်လာသည်။

"သိပ်တော်တာပဲ အားလုံးကြည့်လိုက်ပါဦး Miss Granger ၊ Mr. Potterနဲ့ Mr. Malfoyတို့ အောင်မြင်သွားပြီ"

Harry သူ၏မျက်နှာချင်းဆိုင်ဘက်မှ Dracoကိုလှမ်းကြည့်လိုက်တော့ ထိုသူလည်းငြီးငွေ့နေပုံပေါ်သည်။ ဘေးမှစာအုပ်ကိုဆွဲယူပြီး မေးတင်နေသည့်Ronကိုပြန်ကြည့်ပြီး သက်ပြင်းချလိုက်ကာ သူ့သူငယ်ချင်း၏ပုခုံးကို ပုတ်ရန်ပြင်လိုက်ချိန် ငှက်မွေးတစ်ချောင်းဟာ သူ့ဆီသို့တဝဲသီသီဖြင့်ရောက်လာလေသည်။

Harryမျက်လုံးအပြူးသားဖြင့်သာ ကြောင်ကြည့်နေမိသည်။ ငှက်မွေးဟာ သူ၏ရှေ့တွင် ဘယ်ပြန်ညာပြန်ပျံဝဲနေပြီး Harry၏မျက်လုံးများက ထိုငှက်မွေးရွေ့လျားသည့်အတိုင်း လိုက်ကြည့်နေမိသည်။ ထိုငှက်မွေးဟာလေထဲတွင် တလွင့်လွင့်ဝဲပျံနေရင်း စာသင်ခန်းတစ်ဖက်ခြမ်းသို့ကျော်သွားကာ Dracoရှေ့တွင် ဆိုက်ဆိုက်မြိုက်မြိုက်သက်ဆင်းသွားလေသည်။ Harryက Dracoကိုနားမလည်သလိုကြည့်လိုက်တော့ တစ်ဖက်မှလူက သူ့ကိုနှုတ်ခမ်းလှုပ်ကာပြောလာသည်။

𝙰𝙶𝙰𝙸𝙽 - Drarry (မြန်မာဘာသာပြန်)Where stories live. Discover now