စာရေးသူ၏ အမှာစာ

40.5K 1.3K 31
                                    

ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ ၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ၊ ဇာတ်ကောင်တစ်ဦးချင်းစီ၏ အပြုအမူများနှင့် အတွေးခေါ်များသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်သာဖြစ်ပြီး မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့စည်းကိုမျှ ထိခိုက်လိုသော စိတ်အလျဉ်းမရှိပါ။

ဇာတ်လမ်းတည်ဆောက်ရာ နေရာဒေသများကို ရေးရာတွင် ပြင်ပရှိနေရာများကို ‌ကိုးကား၍ စာရေးသူ၏ စိတ်ကူးဖြင့် ကွန့်ညွန့်ချဲထွင် ရေးသားထားပါသည်။အချို့နေရာများအား အမည်လွှဲပြောင်းကာ ရေးသားထားပါသည်။

ပါဝင်သော သဘောထားအယူဆများ ၊ လူမှုရေးနှင့် ယဉ်ကျေးမှုများ ၊ ရိုးရာဓလေ့ဆိုင်ရာ ဖော်ပြချက်များကြောင့် လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ၊အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်မရှိပါကြောင်းနှင့် ထိခိုက်သွာစေသော တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိခဲ့ပါကလည်း မသိသောမှားယွင်းမှုသာဖြစ်၍ စာရေးသူနှင့် ပြန်လည်ဆွေးနွေးနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

ဤ Fictionအား တစ်ပိုင်းချင်းစီ
အချိန်ပေးတင်သွားမည်ဖြစ်၍
မကျေနပ်ချက် တစ်စုံတစ်ရာ သို့မဟုတ်
ထောက်ပြလိုမှု တစ်စုံတစ်ရာရှိပါက
စာရေးသူထံ တိုက်ရိုက်ဆက်သွယ်ကာ
ပြောကြားနိုင်ပါသည်။

(ဒါကတော့ အိုင့်ရဲ့ တတိယမြောက် OC Fiction ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ရှေ့OC နှစ်ပုဒ်လို Romance Genre သီးသန့်မဟုတ်ပါဘူး။ အဓိက ဇာတ်လိုက် ၂ဦး အပြင် အခြားသော minor charactersတွေလဲ ပါဝင်နိုင်ပါတယ်။

တင်းမာတဲ့ မိသားစုကိစ္စတွေ ၊ အိမ်ထောင်ရေးပြဿနာတွေ၊ အကျိုးဆက်တွေကို ‌ထည့်သွင်းရေးသားတဲ့အခါ စာရေးသူရဲ့အမြင်နဲ့ သဘောထားကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကွဲလွဲခွင့်လဲ ရှိပါတယ်။

ဥပဒေနဲ့ဆိုင်တဲ့ အချက်လက်တစ်ချို့ကို ထည့်ရေးထားပြီး ကိုယ်တိုင်လေ့လာရှာဖွေခဲ့တာ ရှိသလို ၊ သိတဲ့တတ်တဲ့သူဆီကနေ မေးမြန်းပြီးမှ ရေးတာမျိုးလဲရှိပါတယ်။ သို့သော် ဇာတ်လမ်းဟာ စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပါတယ်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now