Chapter-10

10.9K 1.3K 76
                                    

Unicode

ငြိမ်းချမ်းသော အစပြုခြင်း ၁

အေးမြသောလေညင်းအထိတွေ့က မျက်နှာထက်ကို တိုက်ရိုက်ကျရောက်လျက်ရှိသည်။ ရေမှုန်ကလေးများ တဖွားဖွားထွက်နေသည့် လေအေးပေးစက်၏ကျေးဇူးကြောင့် ရာသီဥတုပူပေမဲ့ နေလို့ကောင်းနေ၏။

"ခေါင်းထဲမှာ မူးသွားတာမိုက်သွားတာမျိုး မရှိတော့ဘူးပေါ့နော်။ သတိထားကြည့်မိလား"

"မရှိတော့ပါဘူး ဒေါက်တာ။ နေလို့ကောင်းပါတယ်"

"သက်သာနှုန်းက တကယ်မြန်တာပဲ။ ဆေးလည်းသေချာသောက်တယ်ဆိုတော့ လိမ္မာတဲ့လူနာ‌ကို ဆုချရမယ်ထင်တယ်"

ခေါင်းလေးငုံ့လို့ ပြုံးပြုံးလေးလုပ်နေသည့် လူနာလေးက ဒေါက်တာချစ်နိုင်းအောင်၏ အပြောကို သဘောကျနေပုံရသည်။ ခပ်ဖွာဖွာဖြစ်နေသည့် ဆံပင်နီနီတွေနှင့် ဖြူဖွေးနေသည့်အသားရည်ကြောင့် ဆရာဝန်တော်တော်များများက သူ့ကို "နိုင်ငံခြားသား လူနာ" ဟု မကြာခဏ အထင်မှားတတ်ကြ၏။ ပီပီသသကြားရသည့် မြန်မာအသံသာမရှိလျှင် ဗမာဟုပင်ယုံချင်စရာမရှိချေ။ဒါ့အပြင် အာရှတိုက်မှာရှားပါလှသည့် ဟေဇယ်ရောင်မျက်ဝန်းလေးတွေကြောင့် ဒီလူနာက သူတို့ Wardထဲမှာအတော်နာမည်ကြီးနေသည်။

"ဒါနဲ့ တခြားအခန်းတွေကို သွားလည်‌တယ်လို့ကြားတယ်။ လမ်းလျှောက်ရတာရော အဆင်ပြေတယ်မို့လား"

မဝံ့မရဲမော့ကြည့်လာသည့် မျက်ဝန်းလေးတွေ။ ဖျတ်ခနဲ ဘေးနားကလူဆီရောက်သွားပြီးမှ အပြစ်လုပ်ထားသည့်လူလို လက်ကလေးတွေကို ဆုပ်နယ်နေသည်။ ပြောတာများ အမှားပါသွားသလားဟု ဒေါက်တာချစ်နိုင်းအောင်တွေးလိုက်မိ၏။ လူနာဘေးက လူနာရှင်ကိုကြည့်ပြန်တော့ ရုပ်သေကြီးလိုရပ်နေသည်မှာ အသက်မှရှူသေးရဲ့လားမသိပါ။

"ဟို ...ကျွန်တော်က မနက်ဂျူတီပဲ ဝင်ရမှာဆိုတော့ ညနေပိုင်းကျရင် တခြားဆရာဝန်လာပါလိမ့်မယ်။ လိုတာတစ်ခုခုရှိရင်တော့ ‌Special Nurseတွေဆီကိုလဲ ပြောလို့ရပါတယ်"

"ဟုတ်ကဲ့"
ဆေးရုံအဝတ်အစား ပွယောင်းယောင်းအောက်က ပိန်သေးသေးကိုယ်လေးနှင့်လိုက်ဖက်စွာ အသံကလည်းတိုးသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now