Chapter -3

12.6K 1.4K 98
                                    

Unicode

ပါးလျသော နယ်နမိတ်စည်း ၂

"ဒီတစ်ညလုံး မပြန်ပဲစောင့်မယ်ထင်တယ်နော်။ဒါနဲ့ သူက မင်းနဲ့ဘာတော်တာလဲ။ အစ်ကိုတော့ မဟုတ်လောက်ဘူး ရုပ်က တခြားစီကို"

ကိုမာဝိညာဉ်က စောဦးကိုတစ်လှည့် ရှိန်းယာကိုတစ်လှည့်ကြည့်ရင်း တစ်ယောက်ထဲ စကားတွေများလျက်ရှိသည်။ ရှိန်းယာကတော့ သူများအမေးတွေကို ဖြေဖို့မအားနိုင်သေး... လူနာကုတင်နားတွင် ရပ်နေသူထံမှ အကြည့်မလွှဲနိုင် ဖြစ်နေ၏။ခေါင်းထဲမှာလည်း အတွေး‌တွေပြည့်သိပ်ကာ လှဲနေသောလူနာကိုကြည့်ရင်း စောဦးတစ်ယောက် ဘာတွေတွေးမလဲဆိုတာ တအားကိုသိချင်နေသည်။

"ကြည့်စမ်း သူမင်းကို စောင်ခြုံပေးနေပြီ"
ပြောလည်းပြော ရှိန်းယာလက်မောင်းကိုလည်း လှမ်းတို့၏။ ဝိဉာဉ်ချင်းမို့ပဲလား ကိုမာဝိညာဉ်၏အထိတွေ့ကို ရှိန်းယာခံစားလိုက်ရသည်။

စောဦးက တကယ်ကြီး ရှိန်းယာကိုစောင်ခြုံပေးနေ၏။ စိမ်းပြာရောင် ဆေးရုံစောင်ကို သေချာဖြန့်လို့ ရင်ဘတ်ပေါ်အထိရောက်အောင်တင်သည်။စောဦးကို ကြည့်ရတာ ဒါမျိုးခြုံပေးရတာ အသားကျနေပါသလို၊မသိလျှင် အမြဲတမ်းလုပ်ခဲ့သည့် အလုပ်ကိုလုပ်နေသည့်အတိုင်းဖြစ်သည်။

"အယ် အယ် အယ်..သူ "

စောင်ခြုံပေးနေရာမှ ရှိန်းယာမျက်နှာဆီ ငုံ့ချလိုက်သည့်လူ ၊ ကိုမာဝိညာဉ်မပြောနှင့် ရှိန်းယာကိုယ်တိုင်ပင် မျက်လုံးများပြူးကျယ်သွားရသည်။ စောဦးဘာဆက်လုပ်မလဲ သူသိချင်လွန်းသည်မို့ လူနာမျက်နှာကို စိုက်ကြည့်နေသူ စောဦးပါးပြင်နားအထိ ကပ်သွားလိုက်၏။

လူနာရှိန်းယာ ၊ စောဦး၊ ဝိညာဉ်ရှိန်းယာ...လူနာရှိန်းယာကတော့ ဘာကိုမှမသိသလို အသက်ရှူကိရိယာအကူဖြင့် ပကတိငြိမ်သက်နေကာ စောဦးကတော့ အသက်မျှဉ်းမျှဉ်းရှူနေလျက်သား...။ တစ်ခုခုကို ထိန်းချုပ်ထားရပါသည့်နှယ် စောဦးကိုကြည့်ရတာ သိပ်ကိုလေးလံနေခဲ့သည်။

အစောကပဲ သူ့ဟာသူ ပြာယာခတ်နေခဲ့ရသော ဝိညာဉ်ရှိန်းယာမှာ သူရှေ့က ယောက်ျားကိုကြည့်ရင်း စိတ်မချမ်းသာလွန်းလို့ "ကြည့်မနေပါနဲ့တော့ဗျာ" ဟုပင် အော်ပြောလိုက်ချင်လာသည်။ဒါက အသုံးမဝင်မှန်းသိထားသည့်အခါ သူ့မှာပိုစိတ်ထိခိုက်ရ၏။‌ နဂိုကတည်းက သူတို့ကြားမှာဝေးရသည့်အထဲ အခုတော့ ဘဝပါခြားသွားရပြန်ပြီ။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now