Chapter -5

10.3K 1.2K 63
                                    

Unicode

ပါးလျသော နယ်နမိတ်စည်း ၄

ရှိန်းယာ ဆေးရုံသို့ရောက်ပြီး နှစ်ပတ်အကြာ..

ရက်သတ္တပါတ်နှစ်ခု ကြာညောင်းခဲ့သည့်တိုင် ရှိန်းယာအခြေအနေက တစ်စုံတစ်ရာတိုးတက်လာခြင်းမရှိခဲ့ပါ။ သူ၏ ပိန်လှီသော ရုပ်ခန္ဓာလေးမှာ လှုပ်ရှားမှုအလျဉ်းမရှိပဲ ငြိမ်သက်ဆဲဖြစ်ကာ၊ ဒစ်ဂျစ်တယ်တိုင်းတာစက်၏ စက်ခရင်ပေါ်မှ အမှတ်ကလေးများကသာ သက်ငယ်ဇောကို ထိန်းသိမ်းထားသည့် တစ်ခုထဲသော အမှတ်အသားဖြစ်နေကြသည်။

သူ့ကသာ ငြိမ်သက်နေသော်လည်း အခြားအရာတွေက ရပ်တန့်မနေကြပါ။ ရာသီဥတုမှာ သိသိသာသာ ပြောင်းလဲသွားပြီး နေ့တိုင်းလိုလိုပင် မိုးပြေးနမိတ်လေးတွေကို မြင်နေရတတ်သည်။ တစ်ခါတစ်ခါ မနက်အစောပိုင်းကာလများမှာ ဝုန်းခနဲရွာချင်ရွာတတ်ပြီး ညနေပိုင်းတွေမှာတော့ ခပ်ဖျောက် ဖျောက်ကျတတ်ပြန်သည်။ မန္တလေးမိုးက ဒီနှစ်တော့ အကျကောင်းသည် ဆိုရပေမည်။

"မိုးများညိုရင်လေ တို့ခြေထောက်တစ်ချောင်းလုံး ကိုက်တာကိုက်တာ ပြောမနေပါနဲ့တော့။ ခု သတိမေ့နေတော့ တို့များမယ် ကိုက်တာခဲတာ မေ့နေပါလေရော"

"ဟာ ဒါဆို ကြီးတော်က ‌မျောနေတာတန်တာပဲ။ အကိုက်ခဲသက်သာတာပေါ့"

"အမလေးတော် တို့များက စကားအဖြစ်သာပြောရတယ်။ ရှင်တို့ ဆေးရုံစရိတ်က မနည်းဘူးတော့။ ဟော ဆရာဝန်ကြေး..ဟော ဆေးဖိုး..ဟော သန့်ရှင်းရေးခနဲ့ တို့အိမ်က ယောက်ျားကိုလည်း အားနာလှပြီ။ သူ့မှာ ပင်စင်လေးယူပြီး နားမယ်လုပ်ကာမှ ဒီမိန်းမကို ပြုစုနေရရှာတယ်လေ"

"ဒါတော့ ချစ်လို့ယူထားကြတာပဲ သူပြုစုရမှာပေါ့ ကြီးတော်ရ"

"ချစ်တာနဲ့ပဲ ဒုက္ခပေးလို့ ဖြစ်မလားတော်ရေ။ တို့များက ကိုယ်က ဂရုစိုက်ပေးချင်လို့ သူများသားသမီးကို ယူထားတာတော့...ဒီတော့ ယောက်ျားကို သနားရတာပဲ"

"ဟာ..." " အန်တီကလည်း"

အသံများ ပွက်ပွက်ညံသွားကာ တခိခိ တဟိဟိရယ်သံများ ရောနှောထွက်လို့လာသည်။ ရှိန်းယာဟာ ဆေးရုံကောင်တာကို ကျောမှီနေရာမှ စကားဝိုင်းကအသံကြောင့်  ပြုံးလိုက်မိသည်။ သူသည် လေးထပ်မြောက် အမျိုးသမီးရောဂါသည်များ ရှိရာအထပ်ကိုရောက်နေကာ ကိုမာဝိညာဉ်နှင့် အမျိုးသမီးတို့ ပြောဆိုနေကြသည်များကို နားထောင်နေတာဖြစ်သည်။ ကိုမာဝိညာဉ်အနားမှာ အမျိုးသမီးလေးယောက်လောက်ဝန်းရံနေပြီး  ရောက်တတ်ရာရာတွေပြောကာ အချိန်ဖြုန်းလျက်ရှိ၏။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now