Chapter-34

8.5K 904 32
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၁၁

"မိုးလည်း လင်းသလောက်ဖြစ်သွားပြီပဲ။ ရှေ့နေကြီးတို့ အိမ်ပြန်အိပ်ကြပါ။ ခဏနေ အလုပ်သမားတွေလည်း ရောက်လာတော့မှာဆိုတော့ ကျွန်မ‌တို့ နေရဲပါပြီ"

"ပျောက်တဲ့ ပစ္စည်းဘာညာ မရှိတာသေချာသွားပြီလား"

"သေချာတယ်။ ကျွန်တော် မင်းသာအခန်းထဲပါ စစ်ကြည့်ပြီးပြီ။ ဘာမှ ခြေရာလက်ရာမယွင်းဘူး။ ကြည့်ရတာ အခြေအနေလာအကဲခတ်တာ ဖြစ်လိမ့်မယ်"

"တန်ဖိုးကြီး ပစ္စည်းတွေ ဘာမှမပါသွားတာ သေချာပါတယ်။ နောက်ရက်တွေတော့ ဆန်စက်ထဲပါ အစောင့်ထားရမယ် ထင်ပါရဲ့။ခေတ်ပျက်တော့ အိမ်ထဲနေပြီးကို မလုံခြုံတော့ပါဘူး ရှေ့နေကြီးရယ်။ ရှိန်းယာ သားတို့လည်း ညရေးညတာ သတိဝီရိယလေးထားအိပ်ကြနော်"

"ဟုတ်... ဟုတ်ကဲ့"

အန်တီထားတို့ သားအမိကိုနှုတ်ဆက်ပြီး ပြန်လာချိန်မှာ မနက်၅နာရီခွဲခန့်ရှိတော့မည်။ ရှိန်းယာက လက်ရှည်အင်္ကျီကို ရင်ဘတ်ထိဆွဲစိကာ လက်ပိုက်လျက်သား စောဦးနံဘေးမှ ကပ်ပါလာ၏။ ညဉ့်ဦးပိုင်းတစ်ခုလုံး စိမ့်နေအောင်ရွာထားသည့်မိုးကြောင့် မြေသားလမ်းမထက်ဖြစ်ပေါ်နေသော ဗွက်အိုင်တို့ကိုကျော်ရင်း ချော်မလဲအောင် ထိန်းလျှောက်နေရသည်။

"ကိုယ့်အနားကို လာ"

လက်မောင်းကနေဆွဲကိုင်လို့ ရှိန်းယာကိုထိန်းပေးသူက တစ်ဖက်မှာလဲ လင်းအားကောင်းသော ဓာတ်မီးတစ်ခုကိုကိုင်ထားကာ မြေပြင်ထက် အလင်းပေးလျက်ရှိသည်။ ဆူဆူညံညံ အသံတွေကြားကတည်းက စောဦးတစ်ယောက် အရင်ဆုံးထကာ ရှိန်းယာကို အိပ်ရာကနှိုး၏။ ပြီးတာနှင့် အခြေအနေကိုကြည့်ပြီး လက်ကိုတင်းနေအောင်ကိုင်ကာ အန်တီထားတို့ အိမ်ဘက်ကို လာခဲ့ကြတာဖြစ်သည်။

"ဘာ... ဘာဖြစ်လို့လည်း"

လျှောက်နေရာမှ ရုတ်ချည်းရပ်ချလိုက်သည့်စောဦးကြောင့် ရှိန်းယာပါ တန့်ခနဲဖြစ်သွားသည်။ လမ်းမထက်ဖြာကျနေသော ဓာတ်မီးရောင်က ဘေးဘက်ကိုနေရာရွှေ့ကာ အရွက်နုတို့ဖြင့် စွင့်စွင့်ကားနေသော ကင်မွန်းခြုံကြီးထဲ ကျရောက်သွား၏။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now