Chapter -28

9.5K 1K 92
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၅

"ဒါလေး အဆာပြေစားထားကြတာပေါ့။ ညစာအတွက် ၆နာရီကျော်မှသွားမှာမို့ ဒီကြားထဲ ရှိန်းယာဆာနေလိမ့်မယ်"

မလိုင်များအလျှံပယ်တက်နေသည့် နွားနို့ခွက်၊ ပူပူနွေးနွေးဖြစ်နေသော ပေါင်မုန့်များ၊လတ်ဆတ်သော သရက်သီးမှည့်များ၊ ကွတ်ကီးများဖြင့် ထမင်းစားစားပွဲဟာ ရှိန်းယာကို ကြိုဆိုလျက်ရှိသည်။ "ပတ်ကြည့်အုန်းနော်" ဆိုသည့် စောဦးကတော့ အင်္ကျီလက်များကို ခေါက်တင်ထားလျက် လက်ထဲမှာ အခုလေးတင်မှ နွှေးထားသော နွားနို့အိုးအဖုံးကို လက်အိတ်ဖြင့် ကိုင်တွယ်လို့ထား၏။ ရှိန်းယာရဲ့ ထုံစံအတိုင်း နှေးတိနှေးတုံ့နှင့် တိုက်အတွင်းပိုင်းကို လိုက်ကြည့်နေတာကြောင့် ဘယ်အချိန်ကတည်းက ဒီလိုတွေ လှုပ်ရှားလိုက်သလည်းဆိုတာကို သတိမထားမိလိုက်ချေ။

အံ့အားသင့်ချိန်လည်း ကြာကြာမရလိုက်ပါ။ စောဦးဆွဲပေးလာသည့် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ရပြီးနောက် ချိုမြသော အပြုံးပါးပါးနှင့် အမျိုးသားကို မျက်နှာချင်း ဆိုင်လိုက်ရတော့သည်။

"နွားနို့ပို့ပေးထားတာကို ကြိုထားလိုက်တယ်။ ဒီက နွားနို့စစ်တာမို့ ကိုယ်တော့ တော်တော်သဘောကျတာ.. ရှိန်းယာလဲ သောက်ကြည့်လေ"

ပျစ်နှစ်နေသောနွားနို့ထဲတွင် ဆားနှင့်သကြားအချိုးကျကျရောစပ်ထားသော အရသာက ရှိန်းယာကို တစ်ကျိုက်ထဲနှင့်ပင် အတော်များများသောက်မိသွားစေသည်။ နီနေအောင်ကျိုထားတာကြောင့် ရနံ့နဲ့တင် အီမွှေးလွန်းကာ ထူးကဲကောင်းမွန်လှသည်။ ဒါတင်မကသေး မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲတွင် မုန့်ဖုတ်စက် ၊ နှပ်ကော်ဖီဖျော်စက်တို့ပါရှိကာ သာမန်အပန်းဖြေအိမ်ထက်စာရင် အဆင့်မြင့်လွန်းနေပြန်၏။

"အိမ်က ဘယ်လိုနေလဲ... ပတ်ကြည့်ပြီးတော့ သဘောကျရဲ့လား"

စားလက်စပေါင်မုန့် ပလုပ်ပလောင်းနှင့် ရှိန်းယာပါးနှစ်က ဖောင်းဖောင်းလေးဖြစ်လို့သွားသည်။ ကြောင်အနေရာမှ ခေါင်းတဆတ်ဆတ်ငြိမ့်ပြတော့ တစ်ဖက်လူက သဘောကျသည့်နှယ် အသံထွက်အောင်ရယ်၏။ ညိုဝင်းသော စောဦး၏ မျက်နှာထက်မှ ခပ်ပါးပါးအရေးကြောင်းတို့ကိုပင် ရှိန်းယာမြင်လိုက်ရသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now