Chapter -22

10.4K 1.1K 78
                                    

Unicode

အပြောင်းအလဲ ၁

ပြင်းပြင်းရှိုက်လိုက်မိသော အငွေ့တွေက လည်ချောင်းမှတဆင့် အဆုတ်ထဲထိပါထိုးဝင်သွားသည်။တာရှည်စွာ ဆွဲရှိုက်လိုက်ရသည့် အရသာက ဘာနဲ့မှမလဲနိုင်စရာ။ အခေါက်ခေါက်အခါခါ လုပ်ပြီးချိန်မှာတော့ နောက်ကျိနေတဲ့ဦးနှောက်လည်း နေသားထိုင်သားကျသွားခဲ့ပြီ။

ထိုအခိုက် တကျွိကျွိကြားလိုက်ရသော အသံနှင့် မျက်လုံးထောင့်စွန်းကိုဝင်ရောက်လာသည့် အရိပ်ကလေး။ ပါးစပ်မှာငုံခဲထားသော စီးကရက်ဟာ  ချင်ချင်းမီးသတ်ခံလိုက်ရသည်။ မပြယ်သေးသည့် မီးခိုးငွေ့တွေကြား အသက်အောင့်တိုးဝင်လာသူက မျက်မှောင်လေးတွေပင်ကြုံ့လို့။ အနားက ဆေးလိပ်ငွေ့တွေကို လက်နဲ့အမြန်ယမ်းခါပေးလိုက်ရ၏။ ဒီကောင်လေးက ဆေးလိပ်ငွေ့တွေမခံနိုင်ဘူးမို့လား။ ဒီတော့ ရှိရှိသမျှ အခိုးအငွေ့တွေကို ဝေးဝေးရောက်သွားစေချင်လှပြီ။

တစ်နေကုန် နွမ်းလျနေခဲ့သောမျက်နှာလေးဟာ ညဥ့်နက်ပါမှ တင်းတင်းရင်းရင်းနှင့် မို့အစ်အစ်လေးဖြစ်နေပြီး လှပသည့်မျက်ဝန်းတွေကတော့ သူ့အားရီဝေစွာ မော့ကြည့်လျက်ရှိသည်။

"ဆေးလိပ်နံ့ကြောင့် နိုးသွားသလား"

ဆံပင်နီလေးတွေ လှုပ်သည်အထိ ခေါင်းကိုခါပြရှာ၏။ ထို့နောက် တထရွှန်အကွက်လက်ရှည်လေးရဲ့ ရင်ဘတ်ကိုဆွဲစိလျက် နံဘေးနားမှာဝင်ထိုင်သည်။ ကိုယ်ငွေ့ ရှိန်းရှိန်းအရ လုံးဝကြီးနေကောင်းသေးပုံတော့မရသေးပါ။

"ကိုယ် အိပ်မပျော်လို့ နည်းနည်းပဲသောက်တာ"

ရှိန်းယာက စကားပြန်မပြောပါ။ မီးသေနေပြီဖြစ်သော လက်ထဲက စီးကရက်ဆီ အကြည့်တွေရောက်နေတာကြောင့် မမြင်ရာကိုလက်ပြောင်းလိုက်ကာ ကြမ်းကြားမှပစ်ချလိုက်သည်။ ပြီးတာနှင့် အပြုံးတစ်ခုကိုဖန်တီးလိုက်ပြီး ရှိန်းယာခေါင်းထက်ကို လက်ဖဝါးနှင့်အသာအုပ်ကိုင်လိုက်၏။

"ညနေက ကျွန် ကျွန်တော်ပြောတဲ့ ကိစ္စ..."

"နမ်းခဲ့ကြတာပဲ ကိုယ်မှတ်မိတယ်"

မတ်သွားသော ကိုယ်လေး...မယုံနိုင်စွာစိုက်ကြည့်လာသော မျက်လုံးလေးတွေက သူ့အားပိုပြီး ကစားစေချင်လာသည်။ တလှုပ်လှုပ်ဖြစ်နေသည့် နှုတ်ခမ်းကလေးကို ဆွဲကိုက်ထားလိုက်ရင် ဒီကောင်လေး ဘာလုပ်နိုင်မှာတဲ့လည်း။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now