Chapter-33

8.4K 983 69
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၁၀

"စားကြ စားကြ... ဟင်းရည်ကုန်ရင် ထပ်ခပ်ပေးမယ်နော်... ရှင်းသာရေ လာလက်စနဲ့ ဟိုဟင်းရည်ချိုင်ကို တစ်ပါထဲ မ ခဲ့စမ်းပါ "

မသူဇာက အားကြိုးမာန်တက်အသံနှင့်အတူ အတော်လေး တက်ကြွလျက်ရှိသည်။ သူမက နက်ပြာရောင် ချည်ပိုးဝမ်းဆက်ကို ကော့နေအောင်ဝတ်ဆင်ထားပြီး လက်ဝတ်လက်စားမှာလည်း နီလာကျောက် အဆက်လိုက်နှင့်ဖြစ်သည်။ ‌ပုံသွင်းထားသည့် ဆံပင်များမှာမူ ကျောက်ကလစ်ကလေးအတွင်းမှ ကျောလယ်ခန့်အထိ အခွေလိုက်ကျနေကာ ယဉ်ကျော့ကျော့ကလေးဖြစ်နေ၏။

"ယောက်ျားနဲ့ကွဲလို့ စတုဒီသာကျွေးတဲ့ မိန်းမမျိုးတော့ အခုမှတွေ့ဖူးတာပဲ မမသူဇာရာ။ တော်ရုံတန်ရုံလဲမဟုတ်ဘူး ပြင်ထားဆင်ထားတာက။ အဘစိတ်ဆိုးတာလဲ မပြောနဲ့"

ပိုင်ရှင်းသာက သူ့အစ်မဖြစ်သူထံ ဟင်းရည်ချိုင်ကြီးကိုလွှဲပေးရင်း မျက်စိနောက်စွာပြောလိုက်သည်။ လုပ်ရင်လည်း တခြားနေရာမှာလုပ်ပါတော့လား။ သူတို့ဆန်စက်ဝိုင်းထဲ လာလုပ်တော့ သူ့အလုပ်ကနေ ကိုယ့်အလုပ်ဖြစ်ကာ တောက်လျှောက်ကူပေးနေရသည်လေ။

"ကဲပါဟယ်... မောရင် ခဏထိုင်ပြီးစားလိုက်အုန်း။ လူလည်း ကျဲပါပြီ။ ဒီမှာ ကိုယ့်လူတွေချည်းကျန်တော့တာကို"

မောင်ဖြစ်သူနဲ့ ကျောပြင်ကို ဖွဖွရိုက်ရင်း သူမက ရှိန်းယာနံဘေးမှာ ပိုင်ရှင်းသာကို ဝင်ထိုင်စေလိုက်သည်။ မြေပြင်ထက် မိုးကာခင်းပြီးကျွေးသည်ဆိုသော်ငြား အန်တီထားရှိသည့် ရှိန်းယာတို့ဝိုင်းက အတော်သပ်ရပ်ကာ အစားအသောက်လည်း စုံလင်၏။ ပိုင်ရှင်းသာက ကြာဇံဟင်းခွက်ထဲမှ ဇွန်းကိုယူကာ တဟူးဟူးမှုတ်သောက်ရင်း ရှိန်းယာကို မျက်ခုံးပင့်ပြလာသည်။

"ရှိန်းယာ ဟိုရှေ့နေနဲ့ကွာရင်လည်း ကျွန်တော်တို့အိမ်ဝိုင်းထဲ စတုဒိသာ လာကျွေးလှည့်လေ။ ဒံပေါက်လောက်တော့ လုပ်လိုက်"

ဖြန်း!!

"အ! အမေ..နာတယ်ဗျ"

"နာမှပေါ့ သေချာရိုက်တာကိုး။ ဘာတုန်း သူများကို ပေါက်ကရတွေပြောနေတယ်။ နင် ရှိန်းယာကို စစရာများမှတ်နေလား"

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now