Chapter-9

9.6K 1.2K 84
                                    

Unicode

ပါးလျသော နယ်နမိတ်စည်း ၈

"ရောက်လာမယ်လို့ လုံးဝထင်မထားဘူး။ ကျွန်တော်ဒီမှာရှိတာကို ဘယ်လိုသိတာလဲဟင်"

ဝိညာဉ်ကလေးရှိန်းယာတစ်ယောက် ဒီနေ့ အတော်ပြာယာခတ်နေသည်။ သူ့ရဲ့ အံ့အားတသင့်မျက်နှာလေးကိုချီလို့ ဟိုဟိုဒီဒီလျှောက်ရင်း မယုံကြည်နိုင်ကြောင်း တဖွဖွပြောနေမိသည် အထိပင်။

"အဲ့ဒီနေ့က ကျွန်တော် နေချို့ကိုစောင့်နေခဲ့တာဗျ။ ဒီကြားထဲရော အဆင်ပြေတယ်မို့လားဟင်"

ခပ်ငယ်ငယ်ယောက်ျားတစ်ယောက် လဲလျောင်းနေသည့် ရှိန်းယာခန္ဓာကိုယ်အနားမှာရပ်ကာ လူနာကိုစိုက်ကြည့်လျက်ရှိသည်။ ရှည်လျားသောအရပ်၊ ဖြောင့်မတ်သော ကိုယ်ဟန်နှင့် ချွန်သောနှာခေါင်း...ထိုလူက သားရေဂျာကင်ထူဝတ်ထားကာ ကိုယ်ပေါ်မှာ မိုးစက်တချို့တင်ကျန်နေသည်။ သူ၏ ကတုံးဆံထောက်ဆံပင်မှာလည်း ရေစိုလျက်ရှိ၏။ နားရွက်အလယ်လောက်မှာ ထိုးထားသော နားကွင်းကြီးက ထင်းထွက်နေပြီး ကြည့်လိုက်တာနှင့် ရှိန်းယာနဲ့လုံးဝကွဲပြားသော အသွင်ပြင်ရှိသူတစ်ယောက်ပင်။ ထိုလူမှာ ရှိန်းယာ၏ ရှားရှားပါးပါး လက်ချိုးရေတွက်လို့ရသော မိတ်ဆွေအပေါင်းသင်းဝင် တစ်ယောက်ဖြစ်သူ နေချိုမောင် ဖြစ်ပါသည်။

"ဘာတွေများစားလို့ ကံဒီလောက်ဆိုးတာဖြစ်မလဲ။ တွေ့လိုက်ရရင် အဆင်ပြေနေတယ်ဆိုတာကို မရှိတာပဲ...ရှိန်းယာ"

နေချို့အပြောကြောင့် ရှိန်းယာ တခစ်ခစ်ထရယ်မိ၏။ ဟုတ်လည်းဟုတ်ပါရဲ့...နေရာမတူပေမဲ့ သူတို့တွေ့တိုင်း ဆေးရုံတစ်ခုခုမှာဖြစ်နေတတ်သည်။ ရှိန်းယာ ကုတင်ပေါ်တက်ထိုင်ကာ မြင့်မားလှသည့် နေချို့ကိုမော့ကြည့်ပြီးပြောလိုက်သည်။

"ကျွန်တော် ဒီမှာရှိနေတာသာမြင်ရင် သရဲဘဝတောင် ရောက်သွားပါရော့လားဆိုပြီး ပြောအုန်းမယ်ထင်တယ်နော် ဟီးဟီး"

"နောက်ကျသွားတာ ဆောရီး..."

နေချို့မျက်နှာက မျက်နှာသေနှင့်။ စိတ်မပါတပါပြောသောအသံကို ရှိန်းယာဗွေမယူမိပါ။ သူဟာ ဒီလူရဲ့စိတ်ရင်းကို သိထားသူပီပီ ခေါင်းယမ်းလျက် "ကိစ္စမရှိပါဘူး။ ကျွန်တော် အဆင်ပြေတယ်" ဟု ပြောလိုက်သည်။ လုံးဝကြီး အဆင်ပြေနေတာမဟုတ်သော်ငြား သူ့ဟာနဲ့သူ နေဖြစ်နေသည်မို့ ရှိန်းယာ အထူးတလည်ခံစားမနေတော့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ချင်တာမဖြစ်ရသည့်အတူတူ နေတတ်အောင်နေတော့ သူစိတ်ချမ်းသာရသည်မဟုတ်ပါလား။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now