Chapter -31

9.3K 1K 44
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၈

ဆေးထိုးပြီးနောက်ရက်မှာ ရှိန်းယာအဖျားက တိုးတက်လာတာမျိုး မရှိတော့ပေမဲ့ အရိပ်တကြည့်ကြည့် စောင့်ကြည့်နေသည့် စောဦးကတော့ ပင်ပန်းမည့်အရာမှန်သမျှ ကိုယ့်လက်ကိုယ့်ခြေ လုပ်ခွင့်မပေးခဲ့ပါ။ဒါကြောင့်ပြန်မည့်မနက်ပိုင်း အထုပ်အပိုးပြင်ချိန်အထိ ရှိန်းယာက ဆက်တီခုံမှာ ငြိမ်ငြိမ်လေး ထိုင်နေရုံမှလွဲ၍ အခြားမရှိချေ။ တစ်ပါတ်တာမျှ နေခဲ့ရသော တိုက်ကလေးကတော့ မပြန်ခင်ကတည်းက အလွမ်းပိုအောင် လုပ်နေသလားထင်ရသည်။ ရှိန်းယာဟာ နွေးထွေးသည့် တိုက်အတွင်း ဝေ့ဝဲကြည့်ကာ ပြုံးလိုက်မိ၏။

ကျန်းမာရေးကြောင့် အပြင်လည်ပတ်မည့် အစီစဉ်တွေ ပြောင်းလဲ‌သွားသော်လည်း အပြန်လက်ဆောင်ပေးရန်များကိုမူ စောဦးက မပျက်မကွက် ပြင်ဆင်ထားပေးရှာသည်။ အမှန်တော့ ရှိန်းယာလည်း အန်တီထားတို့မိသားစုအတွက် လက်ဆောင်ဝယ်ယူရန် အတွေးရှိသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် လစ်ဟင်းခဲ့သည့်။ စောဦးဘက်မှ မှတ်မှတ်ရရ ပြင်ဆင်ထားကြောင့်သိရသည့်အခါ ရှိန်းယာမှာ ကျေးဇူးတင်ရသလို ၊ အနှီယောက်ျား၏ သိတတ်မှုကိုလည်း အံ့ဩသွားရသေးသည်။ ဒီလိုဆိုတော့ သူသိသည့် စောဦးစေနိုင်က အမြဲတစေ ဖာသိဖာသာ နေတတ်တာမျိုး ဟုတ်ပုံမပေါ်ပါ။

"ဒေါက်တာ ချစ်နိုင်းအောင်တို့အတွက် လက်ဆောင်မှာပေးခဲ့တာ အခုမှ ရတယ်ဆိုလို့။ ဆိုင်မှာ ဝင်ယူပြီးရင် အပြန်တစ်ခါထဲ ဝင်ပေးခဲ့လိုက်မယ်။ ရှိန်းယာ တစ်ခုခု ထပ်လိုချင်တာရှိသေးလား"

အဝတ်အိတ်ကို ဆွဲလျက်ထွက်လာသူက ရှိန်းယာထံလှမ်းလို့မေးသည်။ စောဦးက နီညိုရောင် စပို့ရှပ်အင်္ကျီလက်တိုကို အဝါဖျော့ဖျော့ ကွက်စိပ်ပုဆိုးတစ်ထည်နှင့် တွဲဖက်ဝတ်ဆင်ထားကာ ဆံပင်ကိုတော့ နောက်လှန်ဖီးကာ ပုံသွင်းလို့ထားသည်။ မေမြို့မှာနေစဉ်တစ်လျှောက်လုံး ပေါ့ပါးသည့် ဘောင်းဘီအပွများကိုသာဝတ်ဆင်ကာ ၊ ဆံပင်များကို လက်နှင့်ထိုးဖွရုံသာလုပ်ခဲ့သည်မို့ ယခုလို မူရင်းအခြေအနေကို ပြန်မြင်ရသောအခါ ရှိန်းယာဟာ တစ်မျိုးတစ်မည် ခံစားလာရသည်။ မြင်နေကျပုံစံတစ်ခုအား အသားမကျနိုင်သလိုပင်။ စောဦး၏ အပြောင်းအလဲတစ်ခုချင်းကို စိတ်ဝင်တစားစိုက်ကြည့်နေမိသည်မှာ တစ်ဖက်လူသတိမပေးခင်အထိဖြစ်၏။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now