Chapter -6

9.7K 1.2K 47
                                    

Unicode

ပါးလျသော နယ်နမိတ်စည်း ၅

"ဆံနီ...ဆံနီ!! မင်း ထွက်လာခဲ့အုန်း!!"

စူးရှသော အော်သံ...ငါးထပ်တစ်ထပ်လုံး ပေါက်ထွက်သွားမလား ထင်ရလောက်အောင် ကျယ်လောင်လှတာမို့ ရှိန်းယာမတ်ခနဲဖြစ်သွားသည်။ လူအိပ်ချိန်ကြီးကျမှာ ကိုယ့်နာမည်ကို အကျယ်ကြီးအော်သံကြားရတာ တော်ရုံမဟုတ်ပါ။ ‌သူ့နာမည်က ဆံနီမဟုတ်ပေမဲ့ ၊ ဒီဆေးရုံမှာ ဆံနီလို့ နာမည်တွင်တာ သူပဲရှိတာသေချာသည်မို့ ဆိုဖာပေါ်မှထကာ အခန်းအပြင်ကို ထွက်လာလိုက်သည်။

"အ..."

ဝုန်းခနဲပြေးတိုက်လာသော လေထုကြီးကြောင့် ရှိန်းယာ လဲကျတော့မတတ်...။ တစ်စုံတစ်ခုက သူ့ကို ချာလပတ်ရမ်းအောင်ထိ တိုးတိုက်သွားတာဖြစ်သည်။ အငိုက်မိသွားသော ခြေထောက်တို့ကို အမြန်ထိန်းလို့ တရားခံကိုရှာတုန်း အနားရောက်လာသည့် ကိုမာဝိညာဉ်။ ဝရုန်းသုန်းကား ပြေးလာသူက ရှိန်းယာကို ထိန်းမတ်ပေးပြီးတာနဲ့ သူမေးချင်တာမေးတော့သည်။

"တွေ့လိုက်လား မင်းတွေ့လိုက်လား" ပြောပုံက အမောတကောနှင့်၊ မျက်လုံးတွေကလည်း ကော်ရစ်တာတစ်လျောက် ကျီးကန်းတောင်းမှောက် ရှာနေသည်မို့ ရှိန်းယာ မေးလိုက်ရသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

လက်တွေကို ခါပြသည့် ကိုမာဝိညာဥ်ကအကြောင်းရင်းကို မပြောပြခင် အမောဖြေဖို့လိုနေပုံရသည်။ ဝိညာဉ်ဖြစ်ပြီး သက်လုံမကောင်းလိုက်တာဟု ရှိန်းယာပြောလိုက်ချင်ပေမဲ့ အရေးကြီးကိစ္စဖြစ်နိုင်သည်မို့ စနောက်မနေပဲ သူပြောမဲ့အချိန်ထိ စောင့်ပေးလိုက်၏။

"အဲ့ဒါ ကင်ဆာ...ကင်ဆာဖြစ်နေတဲ့ ဝိညာဉ်"

စောစောက ဖြတ်တိုက်သွားသည့် လေလုံးကြီးသွားရာဘက်ကို ညွှန်ရင်းပြောပြလာသည်။ သေခါနီး ဝိညာဉ်တွေဟာ ကြမ်းတမ်းပြီး ကိုင်တွယ်ရခက်ကြောင်း ကြားဖူးတာကြောင့် အနှီကင်ဆာဝိညာဉ်မှာလဲ သေခြင်းကို ငြင်းဆန်နေသူဖြစ်မည်ဆိုတာ ရှိန်းယာ သဘောပေါက်လိုက်၏။ ဆေးရုံရောက်တာ တစ်လကျော်ပြီမို့ သူလည်း စီနီယာဝိညာဉ်နီးပါး သိနေတတ်နေပြီ မဟုတ်ပါလား။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now