Chapter-35

8.8K 924 86
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၁၂

"မန္တလေး ပြန်ပြောင်းနေမယ်ဆိုတော့ အလုပ်ကလည်း ထပ်ရှာရအုန်းမှာပေါ့"

"နောက်... နောက်မှ ဖြေးဖြေးချင်းပါ"

"ရှိန်းယာ ခင်ဗျားကလေ အဲ့ဒီလူကို အလိုကိုလိုက်လွန်းတယ် သိလား။ အခုလည်း ဘာလည်း သူခိုးဝင်တယ်ဆိုလား အဲ့ဒီအကြောင်းပြချက်နဲ့ ခင်ဗျားကို အပါခေါ်လာတာပဲမို့လား"

"အ... အလုပ်ကြောင့်ပါ"

နေချိုက လှောင်ရယ်ရယ်သည်။ လက်ရှိအချိန်မှာ စောဦးက အစားသောက်သွားမှာသလို နေချို့ကောင်လေးကလည်း Toilet သွားသည်မို့ သူတို့နှစ်ယောက်သာ ရှိ၏။

"အဲ့ဒီ သူခိုးဝင်တာကရော ရိုးရဲ့လား။ ခင်ဗျားလူက ပိုက်စိပ်တိုက်ကို မွှေနေတာနော်။ ကျွန်ဝောာ့ကိုဝောာင် မေးလာသေးတယ်။သူမသိအောင် ရှိန်းယာ ဘာလုပ်ထားတာရှိလည်းတဲ့"

ဟေဇယ်ရောင် မျက်ဝန်းတွေက ဝိုင်းစက်လို့သွားသည်။ ရှိန်းယာ ကောင်တာမှာတန်းစီနေသည့် စောဦးဆီ အကြည့်ရောက်သွား၏။ Menu စာအုပ်ကိုငုံ့ကြည့်ရင်း အလုပ်များနေသူက အဝေးကမြင်ရတာတောင် စူးရှကာ အရှိန်အဝါတစ်မျိုးက ထိုလူ့အ‌ပေါ်လွှမ်းခြုံနေသယောင်ပင်။

"ဟို...ဟိုကိစ္စ ပြော ပြောပြလိုက်သလား"

အ‌ခြေအနေက ရုတ်တရက် လေးလံသွားသည်။ နေချို့မျက်နှာက တည်လွန်းသွားကာ စောဦးရပ်နေရာဆီ အကဲလှမ်းခတ်၏။

"ကျွန်တော် သူ့ကိုကူညီနေတယ်ဆိုတာ ရှိန်းယာ ခင်ဗျားအတွက်ပဲ။ ဒီတော့ ခင်ဗျားမသိစေချင်တာတွေ သူ့ကို ပေးသိမှာမဟုတ်ဘူး"

"..."

" ဒါပေမဲ့ ခင်ဗျားသိလား သူ.. အဲ့ဒီလူကို လိုက်ရှာနေတာ။ အနှေးနဲ့အမြန်ဆိုသလို သိချင်သိသွားနိုင်တယ်။ အဲ့အတွက်ရော စဉ်းစားထားရဲ့လား"

"..."

"နောက်ပြီး စောဦးစေနိုင်တစ်ယောက်ထဲ အဲ့ဒီကိစ္စကို လိုက်နေတယ်လို့ ကျွန်တော်မထင်ဘူး။ ခင်ဗျား မဝောာ်တဆမှုနောက်မှာ ပါနေတဲ့ လက်သည်လည်း ပါနေနိုင်တယ်။ ကျွန်တော်မှန်းတာမမှားရင် သူ ခင်ဗျားကို ပြန်ခေါ်လာတာအဲ့ဒီအတွက် ဖြစ်လိမ့်မယ်"

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now